နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့တွိုက်နှင့် မီလီတာအိုတို့ လာမည့် ဧပြီလတွင် အသင်းနှင့်ပူးပေါင်းနိုင်မည်

မတ်  ၄  


ရီးရဲလ်မက်ဒရစ်အသင်းမှ အရွတ်ထိခိုက်ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသည့် ဂိုးသမား ကော့တွိုက်နှင့် ခံစစ် ကစားသမား မီလီတာအိုတို့ အနေဖြင့် လာမည့်ဧပြီလအတွင်း အသင်းနှင့် ပူးပေါင်းနိုင်မည် ဖြစ်ကြောင်း နည်းပြ အန်ဆယ် လော့တီက အတည်ပြုပြောကြား ခဲ့သည်။“ကစားသမား နှစ်ယောက် စလုံးရဲ့ ပြန်လာမယ့်အချိန်ကို အတိအကျ ပြောလို့မရသေး ပါဘူး။ သေချာတာကတော့ လာမယ့်နိုင်ငံတကာ ပြိုင်ပွဲ  ကာလအပြီး ဧပြီလလယ်လောက် မှာတော့ အသင်းနဲ့ပူးပေါင်းနိုင် မှာပါ။ လာမယ့် ဧပြီ ၁၄ ရက်မှာ ကစားမယ့် မာယော့ကာနဲ့ အမှတ်ပေးပွဲစဉ်မှာတော့ သူတို့ နှစ်ယောက်စလုံး ပါဝင်နိုင်မှာ ပါ”ဟု နည်းပြအန်ဆယ်လော့တီ က ပြောကြားခဲ့သည်။

အဆိုပါ ကစားသမားနှစ်ဦး သည် ပြီးခဲ့သည့် ခြောက်လခန့် က အရွတ်ထိခိုက်ဒဏ်ရာများ ကြောင့် ကာလရှည်အနားယူခဲ့ ရပြီး ယခုအခါ ဒဏ်ရာသက်သာ လာပြီဖြစ်သော်လည်း ကြံ့ခိုင် မှုပြည့်ဝရန်အတွက် ရက်သတ္တ ခြောက်ပတ်ခန့် အနားယူရ မည်ဖြစ်သောကြောင့် လာမည့် ဧပြီလ လယ်ခန့်မှသာ အသင်း နှင့် အပြည့်အဝပူးပေါင်းနိုင် မည်ဖြစ်ကြောင်း သိရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ