နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးကုတ်မြို့နယ်၊ ရှော်လီဝိုင်းအုပ်စု၊ ဘီးတောင်ရပ်ရှိ ရေနီချောင်း၏ မြေထိန်းနံရံပြိုကျပျက်စီး

မိုးကုတ် ဇွန် ၂၈


 ဇွန် ၂၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရှော်လီဝိုင်းအုပ်စု၊ ဘီးတောင်ရပ်ရှိ အကျယ်ပေ(၂၀)ခန့်ရှိသော ရေနီချောင်း၏ မြေထိန်းနံရံသည် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုသဖြင့် အနီးရှိနေအိမ်(၁)လုံး ပြိုကျပျက်စီးမှုဖြစ်ပွားကြောင်း မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်တွင် သတင်းရရှိသဖြင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း များသွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး မြေထိန်းနံရံ ပြိုကျမှုဆက်လက်မဖြစ်ပွားရန် ယာယီမြေထိန်းနံရံပြုလုပ်ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

 အဆိုပါဖြစ်စဉ်ကြောင့် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သိရသည်။


အလား ဇွန် ၂၅ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် သရက်-မင်းလှလမ်း၊ စနခ(၉၄၉)အနီး၊ မင်းလှရေကျော်တွင် ကားလမ်းပေါ်သို့ (၂)ပေခန့် ရေကျော်၍ ရေစီးနှင့်အတူ အမှိုက်များမျောပါလာခြင်းကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်တွင် သတင်းရရှိသဖြင့် မင်းလှမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ် (၁)စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၄၃၀ အချိန်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ 

အဆိုပါဖြစ်စဉ်ကြောင့် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပါကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ