နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၉/၆)နှင့် (၁၃၉/၇)ကြားတွင် ယာဉ်တိမ်းမှောက်

ဇွန် ၂၆ ရက်၊


နေ့လယ် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၉/၆)နှင့်(၁၃၉/၇)ကြား၊ နေပြည်တော်-ရန်ကုန် လမ်းပိုင်းတွင် ကိုအောင်မောင်းနှင်လာသော ယာဉ်အမှတ်(YGN 1I/xxxx) SURF အမျိုးအစား(ခဲရောင်) ယာဉ်သည် ဝဲဘက်ရှေ့ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗောဓိကုန်း အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ် ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ 


အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းပါ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦးတို့ ထိခိုက် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ကိုအောင်အား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။                

ဆွေဦး







အခြားဆက်စပ်သတင်းများ