နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြ ဇာဗီကို ဘာစီလိုနာအသင်းအား ဆက်လက်တာဝန်ယူပေးရန် တောင်းဆို

မတ် ၃


ဘာစီလိုနာအသင်းက နည်းပြသစ် ခန့်အပ်ရန် အခက်အခဲများ ရှိနေသည့် အတွက် လက်ရှိ နည်းပြ ဇာဗီကို အသင်း အား ဆက်လက်တာဝန်ယူ ကိုင်တွယ်ပေး ရန်အတွက် ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာက တောင်းဆိုခဲ့သည်။အသက် ၄၄ နှစ်အရွယ်ရှိ နည်းပြ ဇာဗီသည် ဘာစီလိုနာအသင်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အသင်းနှင့် ဒုတိယ ဘော လုံး ရာသီတွင် စပိန်လာလီဂါ ချန်ပီယံ ဆု ဆွတ်ခူးနိုင်ခဲ့သည်။

သို့သော် ဘာစီလိုနာအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်ခဲ့ပြီး စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ် အသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သကဲ့သို့ စပိန်ကိုပါဒယ်ရေးဖလား ပြိုင်ပွဲ တွင်လည်း ဘီလ်ဘာအိုအသင်းကို ရှုံး နိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အပြင် ဗီလာရီးရဲလ်အသင်းကို အိမ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်လာခဲ့သည့်အတွက် နည်းပြ ဇာဗီက ဘောလုံးရာသီ အကုန်တွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းက နည်းပြ ဇာဗီ အသင်းမှထွက်ခွာမည်ဟု အတည်ပြု ခဲ့ပြီးနောက် နည်းပြသစ်ခန့်အပ်ရန် ကြိုး ပမ်းမှုများ လုပ်ဆောင်ခဲ့သော်လည်း ဘဏ္ဍာရေး အခက်အခဲများရှိသဖြင့် နည်းပြ သစ်ခန့်အပ်ရန် ခက်ခဲသည့်အခြေ အနေများကြောင့် ဥက္ကဋ္ဌလာပေါ်တာက နည်းပြဇာဗီကို လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံး မည့် ၂၀၂၅ ခုနှစ်အထိ ဆက်လက် တာဝန်ယူပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ် သည်။  




သူရိန်






အခြားဆက်စပ်သတင်းများ