နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောက်ကျသွင်းဂိုးဖြင့် နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့သည့် လီဗာပူး

မတ် ၃


ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် လီဗာပူးအသင်းတို့ ယမန်နေ့ ညပိုင်းက စီးတီးဂရောင်းကွင်း၌ ယှဉ်ပြိုင်ကစား ကြရာ လီဗာပူးအသင်းက တစ်ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။အိမ်ကွင်းမာကျောသည့် နော်တင် ဟမ်ဖောရက်စ်အသင်း၏ ကစားပုံကြောင့် လီဗာပူးအသင်း အနိုင်ရလဒ်ရရှိရေး ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်အသင်း၏ အထပ်ထပ်ပိတ်ဆို့ထားသည့် ခံစစ်ကို ကျော်ဖြတ်ရန် အခက်တွေ့ခဲ့ကာ ထိ ရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှု နှစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။

နော်တင်ဟမ်ဖောရက်စ်အသင်းက လည်း တန်ပြန်တိုက်စစ်များဖြင့်ပြိုင် ဘက်ကို အလုပ်ရှုပ်စေခဲ့ပြီး အဆုံးသတ် ပိုင်းအားနည်းမှုများကြောင့် ဦးဆောင် ဂိုးဖြင့် ဝေးကွာခဲ့ရသည်။လီဗာပူးအသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို ပွဲကစားချိန် ၉၉ မိနစ်တွင် မက်အယ်လစ္စတာ၏ ဖန်တီးပေးမှုက တစ်ဆင့်လူစားဝင် ကစားသမား ဒါဝင် နူနက်ဇ်က ခေါင်းတိုက်သွင်းယူပြီးအနိုင် သုံးမှတ်ကို ရယူပေးနိုင်ခဲ့သည်။အဆိုပါရလဒ်ကြောင့် လီဗာပူး အသင်းသည် ရမှတ် ၆၃ မှတ်ဖြင့် အမှတ် ပေးဇယားကို ဆက်လက်ဦးဆောင် ထားပြီး တစ်ပွဲလျော့နေသည့် ဒုတိယ နေရာမှ မန်စီးတီးအသင်းကို လေးမှတ်၊ တတိယနေရာမှ အာဆင်နယ်အသင်း ကို ငါးမှတ်ဖြတ်ထားနိုင်ခဲ့သည်။





သူရိန်






အခြားဆက်စပ်သတင်းများ