နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး မြို့နယ်အလိုက် ဆောင်ရွက်

ရန်ကုန်    ဇွန်   ၂၈


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့(ပြည်သူ့ကျန်းမာရေး)မှ ဇွန်လ ၂၅ ရက်နေ့ တွင်COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လှိုင်သာယာမြို့နယ်ရှိစားသောက်တိုင်များ၊ တောင်ဥက္ကလာပမြို့နယ်ရှိ Seasons Bakery ဆိုင်တို့အားစစ်ဆေးခြင်း၊မြို့တော်ခန်းမနှင့် မြောက်ပိုင်းခရိုင်ရုံးသို့အငြိမ်းစားလစာထုတ်ယူရန်လာရောက်သည့် အငြိမ်းစားဝန်ထမ်းများအား ကိုယ်အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၅၆ ရပ်ကွက်နှင့် ရွှေပြည်သာမြို့နယ် ၁၃ ရပ်ကွက်အတွင်း ပိုးလောက်လန်းနှိမ်နင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်ခဲ့သည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ