နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Seasons Bakery ဆိုင်တို့အားစစ်ဆေးခြင်း နှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

ရန်ကုန်   ဇွန်  ၂၈


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ


ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့(ပြည်သူ့ကျန်းမာရေး)မှ ဇွန်လ ၂၆ ရက်နေ့ တွင်COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရွှေပြည်သာနှင့်အင်းစိန် မြို့နယ်ရှိ Seasons Bakery ဆိုင်တို့အားစစ်ဆေးခြင်း၊မြို့တော်ခန်းမနှင့် ၄၆လမ်းရုံးသို့လာရောက်သည့် ဝန်ထမ်းများ၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း MCC ခန်းမသို့ မြေစီမံမှုလျှောက်ထားရန်လာရောက်သည့် ပြည်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနဥယျာဉ်မြို့တော်ရှိစျေးများအားစစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ပုဇွန်တောင်၊ ဒေါပုံ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ကမာရွတ်၊ မြောက်ဥက္ကလာပ၊ ပန်းဘဲတန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့်အင်းစိန်မြို့နယ်များအတွင်း ပိုးလောက်လန်းနှိမ်နင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်ခဲ့သည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ