နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျော်ဂျင်ဟိုအား စာချုပ်သက်တမ်းတိုးရန် အာဆင်နယ်အသင်း ဆွေးနွေး

မတ် ၂

အာဆင်နယ်အသင်းသည် လာမည့် ဇွန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုနှင့် စာချုပ်သစ် ကိစ္စဆွေး နွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ ပြီး ကစားသမားနှင့် ညှိနှိုင်းမှု ပြုလုပ် လျက်ရှိသည်။အသက် ၃၂ နှစ်အရွယ်ရှိ ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပါ က အီတလီစီးရီးအေသို့ အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရန် စီစဉ်လျက် ရှိနေသော်လည်း အာဆင်နယ်အသင်း က ကစားသမားနှင့် သဘောတူစာချုပ် တွင် စာချုပ်သက်တမ်း ကုန်ဆုံးပါက တစ်နှစ်သက်တမ်းတိုးခွင့် ပါရှိနေသော ကြောင့် ဂျော်ဂျင်ဟိုကို လက်လွှတ်မခံ ဘဲ ကာလတိုစာချုပ် ထပ်မံချုပ်ဆိုရန်  ဆွေးနွေး လျက်ရှိသည်။

နည်းပြ အာတီတာအနေဖြင့် အသက် အရွယ်ရလာသည့် ဂျော်ဂျင်ဟိုကို ပုံ မှန်ပွဲထွက်ခွင့်ပေးရန် အခက်အခဲရှိ သော်လည်း ၎င်းသည် အရေးကြီးသည့် ပြိုင်ပွဲများတွင် အသင်းအတွက် အကျိုး ပြုနိုင်သည့် ကစားသမားတစ်ဦးဖြစ် သောကြောင့် လာမည့်ဇွန်တွင်အလွတ် ပြောင်းရွှေ့ခွင့်  မပြုနိုင်ဘဲ  စာချုပ်ပါ သဘောတူညီချက်အရ တစ်နှစ်သက် တမ်းတိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။




သူရိန်






အခြားဆက်စပ်သတင်းများ