နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးသမား တာစတီဂန်ကို အယ်အီသီဟတ်အသင်းသို့ ရောင်းချရန် ဘာစီလိုနာအသင်း ဆွေးနွေး

မတ် ၂


ဘာစီလိုနာအသင်းသည် ဘဏ္ဍာ ရေးအခက်အခဲကို ကျော်ဖြတ်နိုင်ရန် အတွက် ဆော်ဒီကလပ် အယ်အီသီဟတ် အသင်းက စိတ်ဝင်စားနေသည့် ဂိုးသမား တာစတီဂန်ကို လာမည့်နွေရာသီတွင် ရောင်းချသွားရန် ဆွေးနွေးမှု ပြုလုပ် လျက် ရှိသည်။ဘာစီလိုနာအသင်းအနေဖြင့် ဝင် ငွေထွက်ငွေစည်းမျဉ်းကို ကျော်ဖြတ် နိုင်ရန်အတွက် အသင်းမှကစားသမား များဖြစ်သည့် ဒီဂျောင်၊ ခွန်ဒီ၊ ရာဖင်ညာ အပါအဝင် ဂိုးသမားတာစတီဂန်ကိုပါ လာမည့်နွေရာသီတွင် ရောင်းချရန် ဆုံး ဖြတ်ထားပြီး တာစတီဂန်ကို မြင့်မား သည့် ပြောင်းရွှေ့ကြေးဖြင့် ဆော်ဒီ ကလပ်သို့ ရောင်းချနိုင်ရန် ဆွေးနွေး လျက် ရှိသည်။

လက်ရှိတွင် အယ်အီသီဟတ်အသင်း ၏ အားကစား ဒါရိုက်တာရိုမန်သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဘာစီ လိုနာအသင်းတွင် အားကစားဒါရိုက်တာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့် ဘာစီလိုနာအသင်းနှင့် ဆက်ဆံရေး ကောင်းများ ရှိနေသူဖြစ်ပြီး တာစတီဂန် ကို မက်လုံးပေးဆွဲဆောင်မှုများ ပြုလုပ် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ် သည်။ဂိုးသမား တာစတီဂန်သည် ယခု နှစ် ဘာစီလိုနာအသင်းတွင် ဒဏ်ရာ ပြဿနာ ကြုံတွေ့ခဲ့ရသဖြင့် အမှတ်ပေး ပြိုင်ပွဲ ၁၆ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ခုနစ်ပွဲထိ ပေးဂိုးမရှိအောင် လက်စွမ်း ပြသနိုင်ခဲ့သူဖြစ်သောကြောင့် အယ်အီ သီဟတ်အသင်းက ကာလရှည်စိတ်ဝင် စားလျက်ရှိကာ ဘာစီလိုနာအသင်းက လည်း ရောင်းချရန် ဆန္ဒရှိနေသော ကြောင့် အပြောင်းအရွှေ့ဖြစ်မြောက် ဖွယ်ရှိကြောင်း သိရသည်။




သူရိန်






အခြားဆက်စပ်သတင်းများ