နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီလဝါအထူးစီးပွားရေးဇုန်၏ Zone B တွင် စတုတ္ထအဆင့်(အဆင့် ၄) အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နှစ်ဆယ့်ရှစ်ရာခိုင်နှုန်းအထိ အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်

ရန်ကုန် ဇွန် ၂၈


သီလဝါအထူးစီးပွားရေးဇုန်၏ Zone B တွင် စတုတ္ထအဆင့်(အဆင့် ၄)အား အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် မေလကုန်အထိ နှစ်ဆယ့်ငါးရာခိုင်နှုန်းအထိ အကေင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသတင်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်သုံးဇုန်အနက် သီလဝါအထူးစီးပွားရေးဇုန်သည် အအောင်မြင်ဆုံး အထူးစီးပွားရေးဇုန်တစ်ခုအဖြစ် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။ သီလဝါအထူးစီပွားရေးဇုန်အား   Zone A နှင့် Zone Bဟူ၍ ခွဲခြားဆောင်ရွက်နေပြီး လက်ရှိတွင် Zone A ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန် Zone A တွင် ငှားရမ်းနိုင်သော မြေဧရိယာစုစုပေါင်း ဟက်တာ (၃၀၀)ရှိသည့်အနက် ၉၉ ရာခိုင်နှုန်းကို ကုမ္ပဏီ ၈၄ ခုသို့ ငှားရမ်းကာ လုပ်ငန်းများ လုပ်ကိုင်လည်ပတ်နေကြပြီဖြစ်သည်။ ထို့ကြောင့် သီလဝါအထူးစီးပွားရေးဇုန် Zone B ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သည်။ အဆိုပါ သီလဝါအထူးစီးပွားရေးဇုန် Zone B တွင် အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃)ခွဲခြားထားပြီး အဆိုပါအဆင့်သုံးဆင့်တွင် ငှားရမ်းနိုင်သော မြေဧရိယာပေါင်း ၁၈၂ ဟက်တာရှိရာ Zone B၏ ငှားရမ်းနိုင်သော မြေဧရိယာအနက် ၄၈ ရာခိုင်နှုန်းကို ကုမ္ပဏီ ၂၀ ခုသို့ ငှားရမ်းပြီးဖြစ်သည်။ ထို့ကြောင့် သီလဝါအထူးစီးပွားရေး ဇုန် Zone B တွင် စတုတ္ထအဆင့် (အဆင့် ၄) ကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ အဆိုပါ Zone B ၏ စတုတ္ထအဆင့်(အဆင့်၄) တွင် မြေဧရိယာ ၃၈ ဟက်တာ (၉၄ ဧက) ဆက်လက်ပေါ်ပေါက်လာမည်ဖြစ်ရာ နိုင်ငံစုံကုမ္ပဏီများသို့ ဆက် လက်ငှားရမ်းလုပ် ကိုင်ခွင့်ချထားပေးမည်ဖြစ်သည်။ လက်ရှိအချိန်တွင် Zone B ၏ အဆင့် ၄ မြေဧရိယာ ဖော်ထုတ်ရာတွင် စုစုပေါင်း ဧရိယာ၏ ၂၈ ရာခိုင်နှုန်းခန့် အကောင်အထည်ဖော်ဆောင်ရွက် ပြီးဖြစ်ကြောင်း တွေ့မြင်ရစဉ်။


ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ