နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရိုက်တန် တောင်ပံကစားသမား မီတိုမာ နောက်ကျောဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်

မတ် ၁


ဘရိုက်တန်အသင်း တောင်ပံကစား သမား မီတိုမာသည် နောက်ကျောဒဏ်ရာ ကြောင့် အနည်းဆုံး သုံးလခန့်အနားယူ ရမည်ဖြစ်သဖြင့် ဘောလုံးရာသီကုန် အထိ အသင်း၏ ပွဲစဉ်များကို လွဲချော် မည်ဖြစ်ကြောင်း နည်းပြ ဒီဇာဘီက ထုတ်ပြန်ခဲ့သည်။

မီတိုမာသည် နည်းပြ ဒီဇာဘီလက် အောက်တွင် ပုံစံကောင်းရရှိလာသည့် ကစာသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းကို ဥရောပ ယှဉ်ပြိုင်ခွင့်ရရှိအောင် အဓိကနေရာမှ ပါဝင်ကူညီနိုင်ခဲ့သလို ယခုနှစ်တွင်လည်း အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားခဲ့ရာ သွင်းဂိုး သုံးဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကတည်းက ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူ ခဲ့ရသည်။

သို့သော် ဂျပန်လက်ရွေးစင်အသင်း က ၎င်းကို အာရှဖလားပြိုင်ပွဲတွင် ရွေး ချယ်ခဲ့ပြီး အသင်းအနေဖြင့် ကွာတား ဖိုင်နယ်အဆင့်တွင် အီရန်အသင်းကို ရှုံးနိမ့်၍ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် မီတိုမာသည် ဘရိုက်တန်အသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ချိန်တွင် နောက် ကျောဒဏ်ရာ ထပ်မံရရှိခဲ့ပြီး ယခုအခါ ၎င်း၏ ဒဏ်ရာအခြေအနေမှာဘောလုံး ရာသီကုန်ထိ အနားယူရမည်ဖြစ်ကြောင်း နည်းပြ ဒီဇာဘီက ပြောကြားခဲ့သည်။





သူရိန်






အခြားဆက်စပ်သတင်းများ