နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တားမြစ်ဆေး သုံးစွဲမှုကြောင့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ လေးနှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

မတ် ၁


ဂျူဗင်တပ်အသင်း ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာသည် တားမြစ် ဆေးသုံးစွဲမှုကြောင့် အီတလီနိုင်ငံ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ဘောလုံးလောကမှ လေးနှစ် ပွဲပယ်ပြစ် ဒဏ်ချမှတ်ခဲ့သည်။

အသက် ၃၀ နှစ်အရွယ်ရှိ ပေါ့ဂ်ဘာ သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလ က မန်ယူအသင်းမှ အသင်းဟောင်း ဂျူဗင်တပ်အသင်းသို့ အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက ဒဏ်ရာ ပြဿနာကြောင့် ကာလရှည် အနားယူခဲ့ ရသည့်အတွက် ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားနိုင်ခဲ့ပြီး ယခုနှစ်ဘောလုံး ရာသီတွင်လည်း နှစ်ပွဲသာ ပါဝင်ကစား ခွင့်ရရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လက ဂျူဗင်တပ်အသင်းနှင့် ဘိုလော့ဂ်နာအသင်းတို့ ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ဆေးစစ်မှုများ ပြုလုပ် ခဲ့ရာ၌ ပေါ့ဂ်ဘာအနေဖြင့် တားမြစ် ဆေးတစ်မျိုးသုံးစွဲထားကြောင်း စစ် ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပေါ့ဂ်ဘာက တားမြစ်ဆေး သုံးစွဲ ခြင်းမရှိခဲ့ဘဲ အမေရိကန်နိုင်ငံထုတ် ခွန်အားဖြည့်ဆေးတစ်မျိုး သုံးစွဲခဲ့ခြင်း ဖြစ်သည်ဟု ငြင်းဆန်ခဲ့သော်လည်း အကြိမ်ကြိမ် ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ တွင် တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ ရှိခဲ့သောကြောင့် ယခုအခါဘောလုံး လောကမှ လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချ မှတ်ခံခဲ့ရခြင်းဖြစ်ပြီး ကစားသမားအနေ ဖြင့် အဆိုပါပြစ်ဒဏ်အတွက် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။




သူရိန်







အခြားဆက်စပ်သတင်းများ