နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာကေတမြို့နယ်အတွင်း လှည့်လည်သွားလာ၍ လက်ကိုင်ဖုန်းများ/ဆိုင်ကယ်ခိုးမှုကျူးလွန်သူ တစ်ဦးကို ဖမ်းဆီးရမိ

ရန်ကုန် ဇွန် ၂၈


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်နှင့်အညီ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်မှုခင်းနှိမ်နင်းရေးဋ္ဌာနစုမှတပ်ဖွဲ့ဝင်များသည် အရှေ့ပိုင်းခရိုင်နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် သတင်းများ စုံစမ်းဆောင်ရွက်နေစဉ်  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်၊ ကမ်းနားလမ်းမပေါ်၌ ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရှိသူ ငြိမ်းချမ်း အား TOYO MAX CZI-125 အမျိုးအစား ဆိုင်ကယ်နှင့်အတူ တွေ့ရှိစစ်ဆေးရာ ၎င်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ သာကေတမြို့နယ်အတွင်းရှိ နေအိမ်အသီးသီးမှ လက်ကိုင်ဖုန်းအမျိုးမျိုး(၉)လုံးနှင့် လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ်(၁)စီး အား ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း လက်ကိုင်ဖုန်းအမျိုးမျိုးနှင့် ဆိုင်ကယ် (၁)စီးတို့ကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ ငြိမ်းချမ်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                


ဆွေဦး






အခြားဆက်စပ်သတင်းများ