နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၂၈


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေး အတွက် သက်ဆိုင်ရာ နယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဇွန် ၂၇ ရက်၊ နေ့လယ် ၃ နာရီ ၅၀ မိနစ်အချိန်တွင် (၁၁)ရပ်ကွက်၊ ပဲခူးလမ်းမပေါ်၌ သက်ပိုင်ဦးထံမှ အရိုးအသွား (၁၁)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် (၁၉) ရပ်ကွက်၊ ဓညဝတီလမ်းမ ပေါ်၌ ဝမ်းကိုထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် အလယ်ကျေးရွာ၊ အနော်ရထာလမ်းမပေါ်၌ စောလင်းကိုကိုထံမှ အရိုအသွား(၁၁)လက်မခန့်ရှိ စကေဘာတစ်ချောင်းကိုလည်းကောင်း၊ 


မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇွန် ၂၇ ရက်၊  မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် ညောင်ရမ်းလမ်းမပေါ်၌ မင်းမင်းအောင်ထံမှ အရိုးအသွား(၃၂)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၇ နာရီခွဲအချိန်တွင် (၇၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော မောင်မောင်ထံမှ အရိုးအသွား(၂၅)လက်မ ခန့်ရှိ ငှက်ကြီးတောင်ဓါတစ်ချောင်းကိုလည်းကောင်း၊


ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဘလုတ်ညွန့်ရပ်ကွက်၊ ခတ္တာလမ်းမပေါ်၌ အောင်ဇော်ထွန်းထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ