နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခေတ်မီနည်းစနစ်သုံး မြန်မာနံနံစိုက်ခင်းများ မြင်းခြံခရိုင်တွင် ဖြစ်ထွန်းအောင်မြင်

မြင်းခြံ ဇွန် ၂၈


မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်ကျေးရွာအုပ်စုသည် မိုးရွာသွန်းမှုနည်းသောဒေသဖြစ်၍ တောင်သူ များ ရာသီနှင့်ကိုက်ညီသည့်သီးနှံအားရွေးချယ်စိုက်ပျိုးကြရသည်။

ယခုတောင်သူလယ်သမားများခေတ်မီနည်းသုံးပြီး မြန်မာနံနံကိုရွေးချယ်စိုက်ပျိုးကြသောကြောင့်မြင်းခြံခရိုင်တွင်ဖြစ်ထွန်းအောင်မြင်ကြောင်း တောင်သူလယ်သမားများထံမှသိရသည်။


ဒီလိုနံနံခင်းနှင့်အတူပန်းမုန်လာစိုက်သူတွေလည်းရှိတယ်၊ဓာတ်မြေသြဇာလွတ်စိုက်ကြတာဖြစ်တော့ မြင်းခြံဈေးကြီးမှာ အရောင်းအဝယ်ဖြစ်ကြလို့ တောင်သူလယ်သမားတွေအဆင်ပြေကြောင်း တောင်သူ ဒေါ်ရီရီစိန်က ပြောသည်။

၂၀၂၀ ပြည့်နှစ်နွေကြက်သွန်စိုက်ပျိုးချိန်တွင်လည်း၂၀၁၉ခုနှစ်ကစိုက်ပျိုးခဲ့သော နည်းအတိုင်းစိုက်ကြမှာ ဖြစ်လို့ကြက်သွန်အရည်အသွေးကောင်းထွက်ရှိပြီးဈေးကွက်ဝင်အနှစ်သာရပြည့်ကြက်သွန်ဥကောင်းထွက်အောင်မြင်းခြံမြို့နယ်ထွက်မျိုးကောင်းမျိုးသန့်ဖြင့်စိုက်ပျိုးကြမှာဖြစ်ကြောင်းတောင်သူဦးညွန့်ဝေထံမှသိရသည်။ ။

ထူးသစ္စာ၊ ထွန်းဝင်း






အခြားဆက်စပ်သတင်းများ