နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးကို အနိုင်ရပြီး လီဗာပူးအသင်း ကာရာဘောင်းဖလား ၁၀ ကြိမ်မြောက် ဆွတ်ခူး

ဖေဖော်ဝါရီ ၂၆


ကာရာဘောင်းဖလား ဗိုလ်လုပွဲစဉ် အဖြစ် ချဲလ်ဆီးအသင်းနှင့် လီဗာပူး အသင်းတို့ ယမန်နေ့ညပိုင်းက ဝင်ဘလေ ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ လီဗာပူး အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ ပြီး ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ သည်။
အဆိုပါပွဲစဉ် ပထမပိုင်းတွင် လီဗာပူး အသင်း အခွင့်အရေးအကြိမ်ကြိမ်ရရှိခဲ့ သော်လည်း အဆုံးသတ်အားနည်းမှုများ ကြောင့် ဂိုးရရှိမည့် အခွင့်အရေးများ လက်လွှတ်ခဲ့ရပြီး ချဲလ်ဆီးအသင်းက လည်း ပယ်လ်မာ၏ ကန်ချက်ကို လီဗာ ပူးဂိုးသမားက လယ်ဟာကာကွယ်နိုင်ခဲ့ သလို စတာလင်၏ ဂိုးမှာလည်း လူကျွံ ဘောဖြစ်နေခြင်းကြောင့် ဦးဆောင်ဂိုး နှင့်ဝေးကွာခဲ့ရပြီး ဂိုးမရှိ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းတွင် ချဲလ်ဆီးအသင်း အခွင့်အရေး ပိုမိုဖန်တီးနိုင်ခဲ့သော်လည်း အပိုင်အခွင့်အရေးများကို အသုံးချနိုင် ခြင်း မရှိသကဲ့သို့ လက်ကျန်မိနစ်များ တွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပွဲပြီးဆုံးခဲ့ခြင်းကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။
ချဲလ်ဆီးအသင်းက အခွင့်အရေးများ ကို အသုံးချနိုင်ခြင်းမရှိသည့်အပြင် လူ ငယ်ကစားသမားအများအပြားထည့် သွင်းကစားခဲ့သည့် လီဗာပူးအသင်းကို မယှဉ်နိုင်ခဲ့ဘဲ အချိန်ပိုတွင် အရှုံးပေးခဲ့ရ ကာ လီဗာပူးအသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို ပွဲချိန် ၁၁၈ မိနစ်တွင် ဗန်ဒိုက် က ခေါင်းတိုက် သွင်းယူပေးခဲ့ခြင်းဖြစ် သည်။
လီဗာပူးအသင်းသည် ကာရာဘောင်း ဖလားကို ၁၀ ကြိမ်မြောက်ဆွတ်ခူးနိုင် ခဲ့ခြင်းဖြစ်ပြီး ၁၉၈၁၊ ၁၉၈၂၊ ၁၉၈၃၊ ၁၉၈၄၊ ၁၉၉၅၊ ၂၀၀၁၊ ၂၀၀၃၊ ၂၀၁၂၊ ၂၀၂၂ နှင့် ၂၀၂၄ ခုနှစ်တို့တွင် ရရှိခဲ့ခြင်း ဖြစ်သည်။                               

သူရိန်






အခြားဆက်စပ်သတင်းများ