ဖေဖော်ဝါရီ ၂၄
လီဗာပူးအသင်း အဓိက ဂိုးသမား အယ်လစ်ဆန်သည် တံကောက်ကြော ဒဏ်ရာ ကြောင့် မတ်လကုန်ထိ အနား ယူရမည်ဖြစ်ကြောင်း နည်းပြ ကလော့ပ်ကအတည်ပြုကြေညာ ခဲ့သည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဂိုးသမား အယ်လစ်ဆန်သည် လီဗာပူးအသင်းက အာဆင်နယ် အသင်းကို သုံးဂိုး၊ တစ် ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သည့် တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရ သူဖြစ်ပြီး အစောပိုင်းက ရက် သတ္တပတ် အနည်းငယ်သာ အနားယူရမည်ဟု ခန့်မှန်း ထားသော်လည်း အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ဒဏ်ရာမှာ ပြင်းထန်နေ သည့်အတွက် တစ်လကျော် အနားယူသွားရမည်ဖြစ်သည်။
အယ်လစ်ဆန်သည် ပြီးခဲ့ သည့် ၂၀၁၈ ခုနှစ်က ရိုးမား အသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် လီဗာပူးအသင်းနှင့် အတူ အကောင်းဆုံး လက်စွမ်းပြသ နိုင်ခဲ့ပြီး ဘောလုံးရာသီတိုင်း တွင် အသင်း၏ အဓိကဂိုးသမား အဖြစ်ပါဝင်ခဲ့ကာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အကောင်းဆုံး ဂိုး သမားများက တစ်ဦးအပါအဝင် အဖြစ် ရပ်တည်လျက်ရှိသူဖြစ် သည်။
သူရိန်