ဖေဖော်ဝါရီ ၂၄
လာမည့် နွေရာသီတွင် ပဲရစ်မြို့၌ ကျင်းပမည့် ပဲရစ် အိုလံပစ် အားကစားပွဲတော်တွင် ပြင်သစ် ယူ-၂၃ အသင်းနှင့် အတူ ပါဝင်ကစားလိုကြောင်း တိုက်စစ်မှူး ဂရစ်ဇ်မန်းက ထုတ်ဖော်ပြောကြားခဲ့သည်။
အိုလံပစ်ပွဲတော်သည် ယူရို ၂၀၂၄ ပြိုင်ပွဲ စတင်ပြီးနောက် ပိုင်း ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁၁ ရက်အထိကျင်းပမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းတွင် ယူ-၂၃ ကစားသမားအများစုသာ ပါဝင်ခွင့်ရသော်လည်း အသင်း တစ်သင်းလျှင် သက်ကျော် ကစားသမား သုံးဦးအထိ ရွေးချယ်ခွင့်ရှိသဖြင့် အသက် ၃၂ နှစ်ရှိသည့် ဂရစ်ဇ်မန်းက ပါဝင် ကစားရန် ဆန္ဒပြုခဲ့ခြင်းဖြစ် သည်။
“ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကို ကျွန်တော်အသိဆုံး ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင်တော့ စိုးရိမ်စရာ မရှိဘဲ ထိပ်တန်းအဆင့်မှာရှိနေ ဆဲဖြစ်ပါတယ်။ တာဝန်ရှိသူတွေ က ခွင့်ပြုပေးမယ် ဆိုရင်တော့ နိုင်ငံတကာ ပြိုင်ပွဲတွေ ဆက် တိုက်ကစားနိုင်သေးတယ်ဆို တာ ပြသခွင့်ရမှာပါ”ဟု ဂရစ်ဇ် မန်းက ပြောသည်။
ဂရစ်ဇ်မန်းသည် ပြင်သစ် လက်ရွေးစင် အသင်းတွင် ၂၀၁၄ ခုနှစ်က စတင်ပါဝင်ခွင့် ရပြီးနောက် ၂၀၁၈ ခုနှစ်တွင် အသင်းနှင့်အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလား ရယူနိုင်ခဲ့ သော်လည်း အိုလံပစ်ပြိုင်ပွဲတွင် အောင်မြင်မှုမရခဲ့သဖြင့် မွေးရပ် မြေတွင်ကျင်းပမည့် နွေရာသီ အိုလံပစ်ပြိုင်ပွဲ၌ ပါဝင်၍ အောင်မြင်မှု ရယူနိုင်ရန် မျှော် လင့်ထားခြင်းဖြစ်သည်။
သူရိန်