ရန်ကုန် ဇွန် ၂၈
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ (၅၄)ရပ်ကွက် ၊ ဇေယျာမြိုင်လမ်း၊ အမှတ်(၁/က)၊ စုအသက်မွေးဝမ်းကျောင်း သိပ္ပံ (တောင်ဒဂုံ)တွင် ယာယီဖွင့်လှစ်ထားရှိသည့် ဖျားနာကုဆေးခန်း(Fever Clinic)တွင် ကိုရီးယားနိုင်ငံ Land View Co.,Ltd. မှ အမျိုးသားဒီမိုကစီအဖွဲ့ချုပ် ၊ ပညာရေးကွန်ရက်(ဗဟို)သို့ ပေးပို့လှူဒါန်းထားသည့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းမျိုးစုံကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Fever Clinic များသို့ ဇွန် ၂၈ ရက်၊ နံနက် ၉ နာရီအချိန်က ခွဲဝေလှူဒါန်းပေးခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်းဟွာက COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းရခြင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်ထံလွှဲပြောင်းပေးအပ်ပြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Fever Clinic များသို့ ထပ်ဆင့်လွှဲပြောင်းပေးအပ်ကာ Fever Clinic များတာဝန်ခံ ဒေါက်တာမာမာကြည်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့က ထောက်ပံ့ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးပညာရေး ကွန်ရက်(ဗဟို) ညှိနှိုင်းရေးမှူးများကို သီးခြားတွေ့ဆုံအမှာစကားပြောကြား၍ ဇွန် ၂၈ ရက်၊ နံနက် ၁၀ နာရီ ၄၀ မိနစ် အချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
(NWA)