နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချီလီရှိ တိရစ္ဆာန်များ အပူဒဏ်ခံနိုင်ရန် အေးခဲအစာများ ကျွေးမွေး

ဆန်တီယာဂို၊ဖေဖော်ဝါရီ ၂


ပြင်းထန်သည့် အပူလှိုင်းဖြတ်သန်း မှုနှင့် ကြုံနေရသည့် ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂို တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များကို မြင့်မားသည့် နေ့ အပူချိန် ခံနိုင်ရည်ရှိစေရန် အေးခဲအစာ များ ကျွေးမွေးစောင့်ရှောက်ထား ရကြောင်း သိရသည်။

ဆန်တီယေဂိုမြို့တော်တွင် ဖေဖော် ဝါရီ ၁ ရက်က နေ့အပူချိန် (၃၈)ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရှိလာသည့်အတွက် ဩရန်ဂူစတန်မျောက်ဝံ၊ မျောက်များ နှင့် ကျားသစ်များကို ဥယျာဉ်ဝန်ထမ်း များက အအေးစာများ ပြင်ဆင် ကျွေး မွေးမှု လုပ်ပေးနေခြင်း ဖြစ်သည်။

တိရစ္ဆာန်မျိုးစိတ်အလိုက် ကိုက်ညီ မည့် အအေးစာအဖြစ် သစ်သီးများနှင့် ရေခဲချောင်းများ ပြုလုပ်ပြီး ချကျွေး ထားကာ ဩရန်ဂူစတန် မျောက်များက သစ်သီးရေခဲချောင်းကို စားသုံးကြပြီး ကျားသစ် ၊ ခြင်္သေ့တို့က သွေးရေခဲမုန့်၊ အေးခဲအသား နှင့် အေးခဲအရိုးများကို စားသုံးကြသည်။ 

ဆန်တီယာဂိုမြို့တွင် အပူလှိုင်း ဖြတ်သန်းမှုကြောင့် အပူဒဏ်နှင့် ပတ်သက်ပြီး အနီရောင်အဆင့် သတိ ပေးချက်ထုတ်ပြန်ထားကာ ယခု တစ်ပတ်လုံး အပူချိန်လျော့ကျနိုင်ချေမရှိကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။






(ref:Reuters)







အခြားဆက်စပ်သတင်းများ