ဖေဖော်ဝါရီ ၂
ဝုဗ်အသင်းက ချဲလ်ဆီးအသင်း တိုက်စစ်မှူးဘရိုဂျာကို ယခုနှစ်ဘောလုံး ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူ ရန် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ ရသည်။
ချဲလ်ဆီးအသင်းက ယခုနှစ်ဘော လုံးရာသီအကုန် အသင်းမှရောင်းချမည့် ကစားသမားစာရင်းတွင် ဘရိုဂျာကိုထည့် သွင်းထားသော်လည်း အငှားစာချုပ် ဖြင့် ရောင်းချလိုခြင်းမရှိဘဲ အပြီးသတ် ရောင်းချလိုသည့်အတွက် ဝုဗ်အသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်း ဖြစ်သည်။
အသက် ၂၂ နှစ်အရွယ်ရှိ ဘရိုဂျာသည် ချဲလ်ဆီးအသင်း အကယ်ဒမီထွက်ကစား သမားတစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က ချဲလ်ဆီးအသင်းနှင့် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့သော်လည်း အသင်းတွင် ကစားခွင့်မရရှိခဲ့ဘဲ ဗီတက်ဆီအသင်း နှင့် ဆောက်သမ်တန်အသင်းတို့တွင် အငှားဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။
ဘရိုဂျာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဆောက်သမ်တန်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ချိန်တွင် အဓိက ကစားသမားအဖြစ် ပွဲစဉ်အများ စုတွင် ပါဝင်ကစားခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ ကာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရရှိခဲ့သူ ဖြစ်သည်။
သူရိန်