ဖေဖော်ဝါရီ ၂
ယခုနှစ် ဘောလုံးရာသီအကုန်တွင် နည်းပြ ကလော့ပ်အနေဖြင့် လီဗာပူး အသင်းမှ ထွက်ခွာမည်ဟု ပြောကြား ခဲ့ပြီးနောက် အသင်းခေါင်းဆောင် ခံစစ်ကစားသမား ဗန်ဒိုက်ကလည်း မိမိအနေဖြင့် အနာဂတ်တွင် လီဗာပူး အသင်း၌ ဆက်လက်ကစားရန် သေချာ မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“နည်းပြ ကလော့ပ်က လီဗာပူး အသင်းအောင်မြင်မှုရဲ့ အဓိကအစိတ် အပိုင်း တစ်ခုဖြစ်ပါတယ်။သူအသင်း က ထွက်ခွာသွားရင်တော့ ကျွန်တော် ရဲ့ အနာဂတ်ကလဲ လီဗာပူးမှာ ဆက်ရှိ ဖို့မသေချာပါဘူး။ ကျွန်တော်တို့ဟာ အသင်းအတွက် ကြီးမားတဲ့ အောင်မြင် မှုတွေကို ကိုယ်တိုင်တည်ဆောက်ရယူ ခဲ့ကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြ ကလော့ပ် ထွက်ခွာသွားရင်တော့ အရာ အားလုံးက ပြောင်းလဲမှုတွေရှိသွားနိုင် ပါတယ်”ဟု ခံစစ်ကစားသမား ဗန်ဒိုက် က ပြောသည်။
အသက် ၃၂ နှစ်အရွယ်ရှိ ခံစစ်ကစား သမား ဗန်ဒိုက်သည် ၂၀၁၈ ခုနှစ်က လီဗာပူးအသင်းသို့ ရောက်ရှိခဲ့ပြီး နည်းပြ ကလော့ပ်လက်အောက်တွင် ခြေစွမ်း ပြသနိုင်ခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ချန်ပီယံ လိဂ်ဖလားနှင့် ၂၀၂၀ ပြည့်နှစ်တွင်နှစ် ပေါင်း ၃၀ ကြာ ဝေးကွာနေသည့်ပရီး မီးယားလိဂ်ဆုဖလားတို့ကို ရယူနိုင်ခဲ့ သကဲ့သို့ ၂၀၂၂ ခုနှစ်တွင် အက်ဖ်အေ ဖလားနှင့် ကာရာဘောင်းဖလားတို့ကို ရယူခဲ့ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့ သော်လည်း လက်ရှိတွင် အသင်းနှင့် သက်တမ်းကုန်ဆုံးရန် ၁၈ လအလိုတွင် နည်းပြ ကလော့ပ် ထွက်ခွာပါကအသင်း တွင်ဆက်ရှိရန် မသေချာကြောင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။
သူရိန်