ဇွန် ၂၈
သီတင်းတစ်ပတ်တွင် ဆိုဒါနှစ်ဘူးနှင့်အထက် သောက်သုံးခြင်းကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နိုင် သည့် အန္တရာယ်မြင့်မားပြီး တစ်ဘူးသောက်ပါက သွေးတိုးနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်ကဖော်ပြသည်။
ပုံမှန် ၁၂ အောင်စဆံ့သော ကိုကာကိုလာသံဘူးတစ်ဘူးတွင် သကြား ၃၉ ဂရမ်ပါဝင်ပြီး အရွယ်ရောက်ပြီးသူ တစ်ဦး နေ့စဉ်စားသုံးသင့်သော သကြားပမာဏထက် ၁၄ ဂရမ်ပိုများသည်ဟု တောင်အာဖရိကနိုင်ငံ Stellenbosch တက္ကသိုလ်မှ သုတေသီများကပြောသည်။
ကမ္ဘာတစ်ဝန်းသကြားပါဝင်သောအချိုရည်များသောက်သုံးသည့် အသက်အရွယ်အားလုံး ပိုများလာ သည်ဟု သုတေသီများကပြောသည်။ သကြားပါဝင်မှုမြင့်မားသော အချိုရည်များကြောင့် ဇီဝဖြစ်ပျက်မှု ဆိုင်ရာရောဂါဖြစ်ပွားပြီး ယင်းမှနေ၍ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုရောဂါတို့ ဖြစ်ပွားနိုင်သည်။
သီတင်းတစ်ပတ်တွင် ဆိုဒါသံဘူးနှစ်ဘူးသောက်ပါက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြင်း အန္တရာယ်မြင့်မားကြောင်း သုတေသီများက သတိပေးထားသည်။ သကြားဓာတ်ပါဝင်မှုမြင့်မားသော အချိုရည် များသောက်သုံးခြင်းကြောင့် အဝလွန်ဖြစ်နိုင်သည်ကို သိထားသည်မှာကြာပြီဖြစ်သည်။
အချိုရည်ပုံမှန်သောက်ခြင်းကြောင့် ကိုယ်အလေးချိန်မြင့်တက်လာကာ အင်ဆူလင်ပမာဏအပေါ် သက်ရောက်မှုရှိပြီး အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်တက်လာနိုင်သည်။
အချိုရည်သောက်သုံးမှုမြင့်မားပြီး လှုပ်ရှားမှုမရှိသောနေထိုင်ပုံ၊ ဆေးလိပ်သောက်ခြင်းနှင့် အစားအသောက်များ ကျန်းမာရေးနှင့်မညီသော ပုံစံမျိုးဖြင့် စားသောက်ခြင်းတို့ကြောင့်လည်း ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ဟု သုတေသီများက သတိပေးထားသည်။
(သူရိန်)