နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာ တိုက်စစ်မှူး ဂျာအိုဖီးလစ်ဒဏ်ရာကြောင့် ချန်ပီယံလိဂ်ပွဲစဉ် လွဲချော်နိုင်

ဖေဖော်ဝါရီ ၁


ဘာစီလိုနာတိုက်စစ်မှူး ဂျာအိုဖီးလစ် သည် ပြီးခဲ့သည့် အင်္ဂါနေ့ကအသင်းနှင့် ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေး အစီအစဉ် တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သော ကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် နာပိုလီအသင်းနှင့် ကစားရမည့် ပွဲစဉ်ကို လွဲချော်နိုင်ကြောင်း နည်းပြဇာဗီက ပြော ကြားခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂျာအိုဖီးလစ်၏ ခြေချင်းဝတ်ဒဏ်ရာမှာ အရွတ်ထိခိုက်မှုရှိခဲ့သောကြောင့် အနည်း ဆုံး တစ်လခန့် အနားယူရမည်ဖြစ်သဖြင့် လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် နာပို လီအသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်ရန် သေချာလျက်ရှိပြီး ဒုတိယ အကျော့အဖြစ် လာမည့် မတ် ၁၂ ရက်တွင် အိမ်ကွင်း၌ ကစားရမည့်အချိန်မှသာ ပါဝင်ကစားနိုင်မည်ဖြစ်သည်။

ဂျာအိုဖီးလစ်သည် ပြီးခဲ့သည့်နွေ ရာသီအပြောင်းအရွှေ့ကာလက အေတီ ကိုအသင်းမှ ဘာစီလိုနာအသင်းသို့ တစ် ရာသီ အငှါးစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၂၈ ပွဲတွင် သွင်းဂိုးခုနစ်ဂိုးအထိ သွင်းယူ ခြေစွမ်းပြနိုင်ခဲ့ကာ နည်းပြဇာဗီ လက်အောက်တွင် ပုံမှန်ပွဲကစားခွင့်ရရှိ နေသူဖြစ်သည်။                       




သူရိန်







အခြားဆက်စပ်သတင်းများ