နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ရပြီး လီဗာပူးအသင်း အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

ဖေဖော်ဝါရီ ၁


ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ အဖြစ် လီဗာပူးအသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယနေ့နံနက်အစောပိုင်းက အန်ဖီးလ် ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ လီဗာပူး အသင်းက ချဲလ်ဆီးအသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေး ဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ သည်။

ပထမပိုင်း ပွဲစကတည်းက လီဗာပူး အသင်း၏ အကောင်းမွန်ဆုံး တိုက်စစ် ဆင်မှုများနှင့်အတူ ချဲလ်ဆီးအသင်း ခံစစ်ကို အကြိမ်ကြိမ်ဖိအားပေးနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၃ မိနစ်တွင် ဂျိုတာ၏ သွင်းဂိုးဖြင့် အိမ်ရှင်အသင်း အဖွင့်ဂိုး ရရှိခဲ့သည်။

လီဗာပူးအသင်း၏ ကစားကွက် အောက်ရောက်ရှိသွားသည့် ချဲလ်ဆီး အသင်းက ခံစစ်၌သာ အချိန်ကုန်ခဲ့ရပြီး ပွဲစဉ်တစ်လျှောက်လုံး ဂိုးကန်သွင်းခွင့် လေးကြိမ်သာရရှိခဲ့သည်။ လီဗာပူး အသင်းကသာ ပွဲကို ထိန်းချုပ်ကစားခဲ့ပြီး ၃၉ မိနစ်တွင် ကော်နာဘရက်ဒ်လေက ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူ ပေးခဲ့ကာ ၄၇ မိနစ်တွင် ဒါဝင်နူးနက်ဇ် ၏ ပင်နယ်တီကန်ချက် တိုင်ထိခဲ့ခြင်း ကြောင့် တတိယမြောက် ဦးဆောင်ဂိုးနှင့် ဝေးကွာခဲ့ရသည်။

ဒုတိယပိုင်းတွင်လည်း လီဗာပူးက သာ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး နောက်ထပ်အနိုင် ဂိုးများကို ၆၅ မိနစ်တွင် ဆိုဘိုဆလိုင်းနှင့် ၇၉ မိနစ်တွင် လူးဝစ်ဇ်ဒီးယက်ဇ်တို့က သွင်းယူပေးခဲ့သည်။ ချဲလ်ဆီးအသင်း လိုအပ်နေသည့် ဂိုးများရရှိရန် ကြိုးပမ်းခဲ့ သော်လည်း လီဗာပူးအသင်းခံစစ်ကို ကျော်ဖြတ်ရန် ခက်ခဲနေခဲ့ကာ ၇၁ မိနစ် တွင် အန်ကွန်ကူ၏ သွင်းဂိုးဖြင့် ချေပဂိုး တစ်ဂိုးသာရရှိခဲ့ပြီး အိမ်ရှင် လီဗာပူး အသင်းက ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်နိုင် ခဲ့သည်။

အဆိုပါရလဒ်ကြောင့် လီဗာပူး အသင်းသည် ရမှတ် ၅၁ မှတ်ဖြင့်အမှတ် ပေးဇယားကို ဆက်လက်ဦးဆောင်ထား ပြီး ဒုတိယနေရာမှ မန်စီးတီးအသင်း (တစ်ပွဲလျော့) နှင့် တတိယနေရာမှ အာဆင်နယ်အသင်းတို့ကို ငါးမှတ်ဖြတ် ထားနိုင်ခဲ့သည်။                            





သူရိန်






အခြားဆက်စပ်သတင်းများ