နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပူပြင်းသောရာသီနှင့် မီးဘေးအန္တရာယ်

မိမိတို့နိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများကြောင့် မလိုလားအပ် သော အသက်၊ အိုးအိမ်၊ စည်းစိမ်များဆုံးရှုံးရမှု လျော့နည်းပြီး တဖြည်းဖြည်းပပျောက်သွားစေရန် လူတိုင်းမီးကိုဂရုပြုသုံးစွဲသင့် သည်။ မိမိတို့နိုင်ငံတွင် ဖြစ်ပွားသောမီးလောင်မှုအများစုသည် မီးသုံးစွဲသူတို့ပေါ့ဆ ရာမှ ဖြစ်ပေါ်ရခြင်းဖြစ်သည်။

မီးကိုမည်သည့်အတွက် သုံးစွဲသည်ဖြစ်စေ မီးအသုံးပြုသူတိုင်း က မီးဘေးအန္တရာယ်ကို မမေ့မလျော့သတိပြုပြီး ဂရုတစိုက်အသုံး ပြုကြခြင်းအားဖြင့် မီးလောင်မှုများကို ကြိုတင်ကာကွယ်ရာရောက် မည်ဖြစ်သည်။

 မီးသည်အချိန်မရွေးလောင်ကျွမ်းနိုင်သော်လည်း ခြောက်သွေ့ ပွင့်လင်းရာသီ၊ အပူချိန်မြင့်မားသည့်ရာသီတွင် ပိုမိုဖြစ်ပွားလေ့ရှိ သည်။ သို့ဖြစ်ရာ နိုင်ငံတစ်ဝန်း မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ ဒေသအသီးသီးတွင် ပြည်သူများအား အသိပညာပေးခြင်း၊ စစ်ဆေး အကြံပြုခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိ သည်။

 မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်ပတ်ဝန်းကျင်ကို အကူအသညီတောင်းရန်၊မီးစတင်လောင်ကျွမ်းချိန်တွင် ငြှိမ်းသတ် နိုင်လျှင် မီးလောင်ဆုံးရှုံးမှု မများနိုင်ကြောင်း၊ အိမ်တိုင်းအဆောက် အအုံတိုင်း၊ ယာဉ်တိုင်းတွင်ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ် ဆေးဘူးများ ဆောင်းထားခြင်းဖြင့် အလျင်အမြန်မီးငြှိမ်းသတ်နိုင် ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော်တွင် အထပ်မြင့်အဆောက်အအုံများပေါများ လာသည်။ အထပ်မြင့်အဆောက်အအုံများ လေဝင်လေထွက် ကောင်းမွန်အောင် စီမံဆောင်ရွက်ထားသင့်ကြောင့်နှင့်အရေးပေါ် ရှောင်တိမ်းနိုင်ရန် လုံခြုံစိတ်ချရသည့်  အစီအမံများပြုလုပ်ထားခြင်း၊ မီးလန့်အချက်ပေးစနစ်များတပ်ဆင်ခြင်း၊ အထပ်တိုင်းတွင် မီးသတ် ဆေးဘူးများ အထပ်တိုင်းထားရှိရန်လိုအပ်သည်။

 မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူအများ ဂရုပြုလာရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။ မိမိ၏မီးသုံးစွဲမှု လိုက်နာအားနည်းခြင်း၊ ဂရုမပြုခြင်းတို့ ကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများလျော့နည်းစေရေး၊ မီးဘေး အန္တရာယ်ကို ကြိုတင်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပူးပေါင်း ပါဝင်စေချင်ကြောင်း။        







အခြားဆက်စပ်သတင်းများ