ဇန်နဝါရီ ၂၅
ဆော်ဒီကလပ်အသင်းများ က ဒီဘရိုင်းကို ခေါ်ယူရန် ကမ်း လှမ်းနေမှုများကြောင့် မန်စီးတီး အသင်းက ၎င်းတို့၏ ကွင်းလယ် ကစားသမားကို တစ်ပတ်လုပ်ခ စတာလင်ပေါင် တစ်သန်းဖြင့် စာချုပ်သက်တမ်းတိုးရန် ကမ်း လှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အသက် ၃၃ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဒီဘရိုင်း သည် မန်စီးတီးအသင်းတွင် တစ်ပတ်လုပ်ခ စတာလင်ပေါင် ၃၇၅,၀၀၀ ရရှိနေသူဖြစ်ပြီး အသင်းနှင့် သက်တမ်းကုန်ဆုံး ရန် ၁၈ လ ကျန်ရှိတော့သည့် အချိန်တွင် ဆော်ဒီပရိုလိဂ် အသင်းများက လုပ်ခလစာ အများအပြားဖြင့် ခေါ်ယူရန် ကြိုးပမ်းနေမှုများကြောင့် အသင်း တာဝန်ရှိသူများက ဒီဘရိုင်းကို ဆက်လက်ထိန်း သိမ်းရန်အတွက် တစ်ပတ် လုပ်ခ စတာလင်ပေါင် တစ်သန်းဖြင့် လာမည့် ၂၀၂၆ ခုနှစ်ထိ သက် တမ်းတိုးရန် စီစဉ်ခဲ့ကြောင်း သိရသည်။
ဒီဘရိုင်းသည် ယခုနှစ် ဘောလုံးရာသီ အာဆင်နယ် အသင်းနှင့် ကွန်မြူနတီဒိုင်း ပွဲစဉ်တွင်ရရှိခဲ့သည့် ဒဏ်ရာ ကြောင့် ငါးလကြာ ကာလရှည် အနားယူခဲ့ရကာ ပြီးခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်၊ နယူးကာ ဆယ်အသင်းနှင့် ကစားခဲ့သည့် အမှတ်ပေးပွဲစဉ်တို့တွင် အသင်း နှင့် ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီး သွင်းဂိုး တစ်ဂိုးနှင့် ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
သူရိန်