နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝယ်လ်ဆင်ကို ခေါ်ယူရန် အေတီကိုအသင်း၏ ကမ်းလှမ်းမှု နယူးကာဆယ် ငြင်းဆို

ဇန်နဝါရီ   ၂၅


နယူးကာဆယ်အသင်း တိုက်စစ်မှူး ဝယ်လ်ဆင်ကို အေတီကိုအသင်းက အငှား စာချုပ်ဖြင့် ခေါ်ယူရန် တရားဝင် ကမ်းလှမ်းမှုပြုလုပ်ခဲ့ရာ ငြင်း ပယ်ခဲ့ကြောင်း သိရသည်။

နယူးကာဆယ်အသင်းသည် တိုက်စစ်မှူး ဝယ်လ်ဆင်နှင့် စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့သည့် အချိန်တွင် အသင်းအနေဖြင့် ဝင်ငွေထွက်ငွေ စည်းမျဉ်းနှင့်ကိုက်ညီမှုရှိစေရန် အသင်းမှ အဓိက ကစားသမား များကို ရောင်းချရန် ဆုံးဖြတ်ခဲ့ သောကြောင့် အေတီကိုအသင်း က ဝယ်လ်ဆင်ကို ကနဦးအငှား စာချုပ်ဖြင့် ခေါ်ယူရန်ကမ်းလှမ်း ခဲ့ရာ နယူးကာဆယ် အသင်းက ငြင်းပယ်ခဲ့ပြီး အေတီကိုအသင်း အနေဖြင့် အပြီးသတ်ခေါ်ယူ ပါက ကမ်းလှမ်းမှုကို လက်ခံနိုင် ဖွယ်ရှိကြောင်း သိရသည်။

နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့်လက အသင်း ဘဏ္ဍာ ရေး အခြေအနေကို ထုတ်ပြန် ခဲ့ပြီးနောက် ဝင်ငွေထွက်ငွေ စည်းမျဉ်းကိုက်ညီရန်အတွက် လုပ်ခလစာ မြင့်မားသည့် အဓိက ကစားသမားများကို ပြန်လည် ရောင်းချရမည်ဖြစ်သောကြောင့် တိုက်စစ်မှူး ဝယ်လ်ဆင်ကို အေတီကိုအသင်းက ကမ်းလှမ်း ခဲ့သည့်အပြင် ဘိုင်ယန်မြူးနစ် အသင်းကလည်း ခံစစ်ကစား သမား ထရစ်ပီယာကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။





သူရိန်







အခြားဆက်စပ်သတင်းများ