နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်တိုက်စစ်မှူး မွိုက်ကိန်းကို အေတီကိုအသင်း အငှားစာချုပ်ဖြင့် ခေါ်ယူ

ဇန်နဝါရီ    ၂၄


အေတီကိုအသင်းသည် တိုက်စစ်ပိုင်း လိုအပ်ချက် အတွက် ဂျူဗင်တပ်အသင်း တိုက်စစ်မှူးမွိုက်ကိန်းကို ရာသီ ဝက် အငှားစာချုပ်ဖြင့် ခေါ်ယူ ရန် ဆွေးနွေးခဲ့ရာ ကလပ်အသင်း နှစ်ခုကြား သဘောတူညီမှုရရှိ ခဲ့ကြောင်း သိရသည်။

အေတီကိုအသင်း တိုက်စစ် ကစားသမား ကော်ရီယာအနေ ဖြင့် ဆော်ဒီကလပ် အယ်အီသီ ဟတ်အသင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့်အပြင် တိုက်စစ် မှူး ဒီပေးသည်လည်း ဒဏ်ရာ ပြဿနာ  ကြုံတွေ့နေရသော ကြောင့် အသင်းအနေဖြင့် တိုက်စစ်ပိုင်းလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ဂျူဗင်တပ် အသင်း ကစားသမား မွိုက်ကိန်း ကို ယခုနှစ် ဘောလုံးရာသီကုန်ထိ အငှားစာချုပ်ဖြင့် ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တိုက်စစ်မှူး မွိုက်ကိန်းသည် ယခုနှစ် ဘောလုံးရာသီ အသင်း နှင့် အမှတ်ပေးပြိုင်ပွဲ ၁၂ ပွဲ ပါဝင်ခွင့်ရခဲ့ရာတွင် ဂိုးသွင်းယူ နိုင်ခြင်းမရှိခဲ့ဘဲ ပုံစံကောင်း ပျောက်ဆုံးနေသောကြောင့် ဂျူဗင်တပ်အသင်းကအေတီကို အသင်းထံ အငှားစေလွှတ်ခဲ့ခြင်း ဖြစ်ပြီး အေတီကိုအသင်း နည်းပြ ဆီမြွန်နီကလည်း တိုက်စစ် မှူး မိုရာတာနှင့် ဂရစ်ဇ်မန်း တို့နောက်တွင် အသုံးပြုရန် အတွက် ခေါ်ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ