နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာရှဖလား အုပ်စုအဆင့်မှ တရုတ်အသင်း ထွက်ခွာခဲ့ရ

ဇန်နဝါရီ   ၂၄


အာရှဖလား အုပ်စုနောက် ဆုံး ပွဲစဉ်အဖြစ် အိမ်ရှင်ကာတာ အသင်းနှင့် တရုတ်အသင်းတို့ ကစားခဲ့သည့် ပွဲစဉ်တွင် တရုတ် အသင်းအနေဖြင့် တစ်ဂိုး၊ ဂိုး မရှိဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ ကြောင်း သိရသည်။

တရုတ်အသင်းသည် အုပ်စု (A) တွင် ကာတာ၊ လက်ဘနွန်၊ တာဂျစ်ကစ္စတန်အသင်းတို့နှင့် ကစားခဲ့ရပြီး အဖွင့်ပွဲစဉ်တွင် တာဂျစ်ကစ္စတန်၊ ဒုတိယ ပွဲစဉ်တွင် လက်ဘနွန်အသင်း တို့နှင့် ဂိုးမရှိ သရေရလဒ်ထွက် ပေါ်ခဲ့ကာ အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ကာတာအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ကြောင့် သုံးပွဲကစားခဲ့ရာတွင် ရမှတ် နှစ်မှတ်သာရရှိခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။

အုပ်စုပွဲစဉ်များအပြီးတွင် ကာတာအသင်းက ရမှတ် ကိုးမှတ်ဖြင့် အဆင့် ၁၊ တာဂျစ် ကစ္စတန်အသင်းက ရမှတ်လေး မှတ်ဖြင့် အဆင့် ၂၊ တရုတ် အသင်းက ရမှတ် နှစ်မှတ်ဖြင့် အဆင့် ၃၊ လက်ဘနွန်အသင်းက ရမှတ်  တစ်မှတ်ဖြင့် အုပ်စု နောက်ဆုံးတွင် ရပ်တည်နိုင်ခဲ့ သည်။

အဆိုပါပြိုင်ပွဲတွင် တရုတ် အသင်းသည် အုပ်စုပွဲစဉ်သုံးပွဲ စလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိ ခဲ့သည့်အပြင် နိုင်ပွဲပျောက်ဆုံး ခဲ့သဖြင့် အသင်းပရိသတ် များက နည်းပြနှင့် ကစားသမား များအပေါ် မကျေနပ်မှုများဖြစ် ပေါ်ခဲ့ကာ နည်းပြဂျန်ကိုဗစ်၏ အနာဂတ်မှာလည်း မရေရာမှု များရှိလာခဲ့သည်။       





 သူရိန်






အခြားဆက်စပ်သတင်းများ