နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်‌ဆေးများထိုးနှံရာ၊ လွှမ်းခြုံမှုမြင့်မားရေး ဝိုင်းဝန်းဆောင်ရွက်

ယနေ့ကမ္ဘာပေါ်တွင် ပြောင်းလဲလာသော နေထိုင်စားသောက်မှု ပုံစံအသစ်များကြောင့် ရောဂါအသစ်အဆန်းများ၊ သွေးတိုး၊ ဆီးချို၊ သွေးချို၊ ကင်ဆာ၊ အဝလွန်စသည့် မကူးစက်တတ်သော ရောဂါများ အဖြစ်များလာသည်ကို မြင်တွေ့ရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသော ရောဂါများနှင့် ပတ်သက်၍ ဆေးပညာရှင်များ၊ ဝါရင့်သမားတော်များက ကြိုတင် ကာကွယ်ရေး၊ ဖြစ်ပွားမှုလျှော့ချ‌ရေးအတွက် စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်းပြီး ကုထုံးများကို ရှာဖွေဖော်ထုတ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ (အသက်အရွယ်အားလုံး) တွင် ဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပြီး အသက် ၁၅ နှစ်မှ ၄၄ နှစ်အတွင်း အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်သည့်အပြင် ကင်ဆာ ကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။

သားအိမ်ခေါင်းကင်ဆာ‌ရောဂါဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းတစ်ရပ်မှာ လိင်အင်္ဂါကြွက်နို့ ဖြစ်စေတတ်သည့် အိတ်ချ်ပီဗွီပိုးကြောင့်ဖြစ်ပြီး ၎င်းသည် မျိုးပွားလမ်းကြောင်းတွင် အဓိကကူးစက်တတ်သော ‌ရောဂါပိုးဖြစ်သည်။ အိတ်ချ်ပီဗွီပိုး အမျိုးအစားပေါင်း ၁၀၀ ကျော် ရှိသည့်အနက် အဖြစ်များသော ရောဂါပိုးမှာ ၁၄ မျိုး ရှိသည်ဟု ဆိုသည်။ လိင်ဆက်ဆံခြင်းနှင့် အရေပြားထိတွေ့ခြင်းတို့မှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်ပြီး အိတ်ချ်ပီဗွီကာကွယ်ဆေးကို ရောဂါပိုးကူးစက်ခံပြီးနောက်မှ ထိုးနှံ ပါက ထိရောက်မှုမရှိကြောင်း သိရသည်။ သို့ဖြစ်ရာ အိတ်ချ်ပီဗွီ ကာကွယ်ဆေးကို ငယ်ရွယ်စဉ်ကြိုတင်ထိုးနှံခြင်းနှင့် ပုံမှန်စစ်ဆေး ခြင်းဖြင့် ကာကွယ်ရန်လိုအပ်သည်။

ကင်ဆာရောဂါနှင့် ပတ်သက်၍ သုတေသနတွေ့ရှိချက် မြောက်မြားစွာအပေါ် အခြေခံကာ ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ လေ့လာသုံးသပ်ရေးဆွဲခဲ့သည့်  Myanmar National Cancer Control Stragegic Action Plan (2023-2027) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က အသိပေးမိတ်ဆက် ဆောင်ရွက်ခဲ့ရာ မကူးစက်နိုင်သော ရောဂါကာကွယ်တားဆီးရေး တွင် မှန်ကန်သော ကုထုံးများရရှိရန်အတွက် အထောက်အကူ ကောင်းများရရှိခဲ့သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအပါအဝင် အခြားသော ကာကွယ်ဆေးများကို ပြည်သူလူထုအခြေပြု ထိုးနှံ ပေးရာတွင် လွှမ်းခြုံမှုမြင့်မားလာသည်နှင့်အမျှ ရောဂါကြောင့် သေဆုံးမှုနှုန်း လျော့နည်းကျဆင်းမည်ဖြစ်ရာ အားလုံးပါဝင် ဆောင်ရွက်စေချင်ကြောင်း။      ။







အခြားဆက်စပ်သတင်းများ