နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်ရှာဘတ်အသင်းက နည်းပြ မော်ရင်ဟိုကို ခေါ်ယူရန် ဆွေးနွေးမှုပြုလုပ်

ဇန်နဝါရီ  ၂၃


ဆော်ဒီကလပ် အယ်ရှာဘတ် အသင်းသည် ရိုးမားအသင်းနှင့် လမ်းခွဲခဲ့သည့် နည်းပြ မော်ရင်ဟို ကို နည်းပြသစ်အဖြစ် ခန့်အပ် နိုင်ရန်အတွက် ဆွေးနွေးမှုပြုလုပ် ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အယ်ရှာဘတ် အသင်းသည် ဆော်ဒီပရိုလိဂ် ပြိုင်ပွဲတွင် ၁၉ ပွဲ ကစားခဲ့ရာ ငါးပွဲသာ အနိုင်ရခဲ့သဖြင့် အမှတ် ပေးဇယား အဆင့် ၁၁ နေရာ တွင် ရောက်ရှိနေသောကြောင့် နည်းပြ အီဂေါ၏ နေရာတွင် အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြ မော်ရင်ဟိုနှင့် အစားထိုးနိုင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နည်းပြ မော်ရင်ဟိုသည် ဥရောပ ကလပ်အသင်းများ၏ ကမ်းလှမ်းမှုကို ရရှိထားသဖြင့် ဆော်ဒီအာရေဗျသို့ ပြောင်းရွှေ့ ရန် မသေချာသော်လည်း အယ် ရှာဘတ်အသင်းက မြင့်မား သည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ ရန် ကြိုးပမ်းနေကြောင်း သိရ သည်။

ထို့ပြင် အယ်ရှာဘတ်အသင်း သည် ဥရောပကစားသမားများ ဖြစ်သည့် ကာရက်စကို၊ ဘာနီဂါ၊ ရိုမိန်းဆာ၊ ဒီယာလို စသည့် ကစားသမားများကို ခေါ်ယူ ထားသောကြောင့် နည်းပြ မော်ရင်ဟိုအနေဖြင့် အယ်ရှာ ဘတ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံနိုင်ဖွယ်ရှိနေကြောင်း သိ ရသည်။                           







သူရိန်







အခြားဆက်စပ်သတင်းများ