နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခံစစ်ကစားသမား ထရစ်ပီယာကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း ချိတ်ဆက်မှု ပြုလုပ်

ဇန်နဝါရီ  ၂၃


ဘိုင်ယန်မြူးနစ် အသင်းက ညာတောင်ပံ ခံစစ်ပိုင်းအတွက် နယူးကာဆယ်အသင်းမှ ထရစ် ပီယာကို ခေါ်ယူရန် ချိတ်ဆက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် အစောပိုင်းက ပီအက်စ်ဂျီအသင်း ကစားသမား နော်ဒီမူခီလီကို ခေါ်ယူရန် ကြိုးပမ်းခဲ့သည့်အပြင် ယခုအခါ နယူးကာဆယ်အသင်း က ထရစ်ပီယာကို ရာသီဝက် အငှားစာချုပ်ဖြင့် လက်လွှတ် မည်ဟု သတင်းထွက်ပေါ်ခဲ့သော ကြောင့် နည်းပြ တူချယ်လ်က ထရစ်ပီယာကို အာဖရိကဖလား ပြိုင်ပွဲ သွားရောက်ကစားနေ သည့် မာဇရာအီ နေရာတွင် အစားထိုး၍ ခံစစ်ပိုင်းဖြည့်တင်း ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ထရစ်ပီယာသည် ၂၀၂၂ ခုနှစ်က နယူးကာဆယ်အသင်းသို့ ရောက် ရှိခဲ့ပြီးနောက် အသင်း၏ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ ကာ အသင်းခေါင်းဆောင်တာဝန် ကို ရယူနိုင်ခဲ့သည်။

လက်ရှိတွင် အသင်းနှင့် စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိသည့်အချိန်တွင် အသင်း အနေဖြင့် ဝင်ငွေထွက်ငွေမညီမျှ မှု စည်းမျဉ်းကြောင့် လုပ်ခလစာ မြင့်မားသည့် ကစားသမားများ ကို ပြန်လည်ရောင်းချရန် စီစဉ် ခဲ့ရပြီး အဆိုပါ ကစားသမား စာရင်းတွင် ခံစစ်ကစားသမား ထရစ်ပီယာလည်း ပါဝင်လျက်ရှိ သည်။                             






သူရိန်







အခြားဆက်စပ်သတင်းများ