စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာနသည် စားနပ် ရိက္ခာဖူလုံရေးနှင့် အစားအစာများ ဘေးကင်းလုံခြုံရေးလုပ်ငန်း များအပြင် ကလေးသူငယ်များနှင့် ပြည်သူအများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက် မြင့်မားရေးအတွက် နွားနို့ပုံမှန်သောက်သုံးနိုင် ရေး ဆောင်ရွက်လျက်ရှိသည်။
နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းအတွက် အကျိုးရှိစေမည့် လန်ချန်း- မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ထိုင်းနိုင်ငံ Khon kven University က အကောင်အထည်ဖော်ဆောင်ရွက်မည့် LNC Strengthening Dairy Innovation (SDI) Programine စီမံကိန်း အတွက် မြန်မာနိုင်ငံက သင်တန်းသားစေလွှတ်ရေး ဆောင်ရွက် လျက်ရှိသည်။
အဆိုပါစီမံကိန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ ဆောင်ရွက်မည်ဖြစ်ရာ လန်ချန်း - မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများမှ နို့စားနွားမွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း များ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းစီမံကိန်းသည် မွေးမြူရေးလုပ်ငန်းရှင်များအတွက် နည်းပညာပိုင်းဆိုင်ရာ တိုးတက်ရေးတွင် များစွာအထောက်အကူ ပြုမည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ ၂၂ ရက် က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးဖွံ့ဖြိုးရေးဌာနစု (ပေါင်းငူ) ၏ နွားမျိုးမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
တိရစ္ဆာန်မွေးမြူရေးဖွံ့ဖြိုးရေးဌာနစု (ပေါင်းငူ) တွင် ရွှေနီ၊ ပါရှန်နှင့် ဘရာမင်နွားသိုးများ မွေးမြူထားရှိပြီး မျိုးရိုးဗီဇနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မျိုး ရည်ခဲချောင်းထုတ်လုပ်ခြင်း၊ နွားစားမြက်မျိုးများ စိုက်ပျိုးထိန်း သိမ်းခြင်း၊ အသေးစားမွေးမြူရေးလုပ်ကိုင်သူများနှင့် မွေးမြူရေးခြံ တည်ထောင်လုပ်ကိုင်လိုသူများအား နည်းပညာနှင့်အကူအညီ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နွားမွေးမြူရေးလုပ်ငန်များ ဆောင်ရွက်ရာ၌ နွားမျိုး မြှင့်တင်ရေးလုပ်ငန်းသည် အရေးပါလျက်ရှိရာ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့နိုင်ရေး၊ ထုတ်ကုန်တိုးမြှင့်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေချင်ကြောင်း။