နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးကောင်း၌ မီးပလတ်ခုံဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

မိုးကောင်း ဧပြီ ၆ ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် နေအိမ်အတွင်းရှိ မီးပလတ်ခုံ ဝါ ယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၅ ရက် ညနေ ၄ နာရီခွဲကျော်ခန့်က မိုးကောင်းမြို့၊ မြို့ဦးရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား ကြောင်း သတင်းအရ မိုးကောင်းမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးကြည်နှင့် အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူနှင့်အဖွဲ့က မီးငြှိမ်းသတ်ယာဉ် သုံးစီးဖြင့် သွားရောက်ကာ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့သည်။ မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာ ဦးကျော်အောင် (၆ဝ နှစ်)နေထိုင်သည့် နေအိမ်ရှိ မီးအားမြှင့်စက် အပူလွန်ကဲရှော့ခ်ဖြစ်ရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကာ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ခြေတံရှည်တစ်ထပ်နေအိမ်တစ်လုံးနှင့် ဘေးနေအိမ်အနည်းငယ် မီးကူးစက်လောင်ကျွမ်းခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုးကောင်းမြို့မရဲစခန်းမှ (ပ)၂၈/ ၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ (မိုးခါး)






အခြားဆက်စပ်သတင်းများ