မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံသည် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ သည်။ အနော်ရထာမင်းကြီးလက်ထက် ပုဂံကို ဗဟိုပြု၍ နိုင်ငံတော် ကြီး စည်ပင်ထွန်းကားခဲ့ရာတွင် သုဝဏ္ဏဘူမိဒေသမှ ထေရဝါဒ ဗုဒ္ဓသာသနာတော် ရောက်ရှိလာခြင်းနှင့်အတူ မင်းနှင့်ပြည်သူတို့၏ သဒ္ဓါတရား၊ ဓနအင်အားနှင့် အိန္ဒိယအရှေ့ပိုင်းမှ ရောက်ရှိလာသည့် အနုပညာ၊ အတတ်ပညာများ ပေါင်းစပ်ကာ ယဉ်ကျေးမှုအမွေအနှစ် ဗိသုကာလက်ရာများ ပေါ်ပေါက်လာခဲ့သည်ဟု သုတေသနပညာရှင် တို့က ဆိုထားသည်။
ပုဂံဒေသ၏ မိုင် ၂၀ ပတ်လည်တွင် ပုဂံခေတ် စေတီ၊ ပုထိုး၊ ဂူကျောင်းအဆောက်အအုံပေါင်း ၅၀၀၀ ခန့် တည်ထားခဲ့သည် ခန့်မှန်းခဲ့ကြရာ နှစ်ပေါင်း ၁၀၀၀ ကျော်အတွင်း မည်မျှပျက်စီး ယိုယွင်းပျောက်ကွယ်ခဲ့သည်ကို ကျန်ရှိနေသော သာသနိက အဆောက်အအုံများမှတစ်ဆင့် ခန့်မှန်းနိုင်ကြသည်။
နှစ်ကာလကြာရှည်စွာ တည်ရှိလာခဲ့သည့် ရှေးဟောင်းဘုရား ပုထိုးအဆောက်အအုံများသည် မြေငလျင်နှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကဲ့သို့ သဘာဝဘေးအန္တရာယ်များကြောင့် ပြိုကျပျက်စီးမှု များ ဖြစ်ပေါ်လေ့ရှိရာ ရေရှည်တည်တံ့ရေးနှင့် မူလတန်ဖိုးများ ယိုယွင်းပျက်စီးမှုများ မဖြစ်ပေါ်ရေးအတွက် ခေတ်မီနည်းပညာရပ် များနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်သည်။
ယနေ့အခြေအနေတွင် အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ပြည်သူလူထုအထိတ် တလန့်ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူ ပိုင် အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆေက်အအုံများနှင့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက် ရှိသည်။
ယင်းအပြင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများ အပါအဝင် အခြားဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဘုရားရှိခိုးကျောင်းများအား Drop Boomb များ ပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်လျက်ရှိသည်။ ရှမ်း ပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ ရှေးယခင်က ပလောင်တောင်ပိုင် စော်ဘွားကြီး မဟာသရေစည်သူ စပ်ခွန်ပန်းစိန် တည်ထားကိုးကွယ်ခဲ့သည့်စေတီအား TNLA အကြမ်းဖက်သောင်းကျန်းသူများက ဇန်နဝါရီ ၁၀ ရက်မှ ဘက်ဟိုး ဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီ ၂၀ ရက်တွင် အပြီးသတ်ပြိုကျ ပျက်စီးသွားခဲ့သည်။
သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်သည့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ထိန်းသိမ်းစောင့်ရှောက်ကြရာတွင် ဗုဒ္ဓဘာသာ ရဟန်းရှင်လူပြည်သူများအနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီး မိုက်ရိုင်းခြင်းအား လုံးဝဆန့်ကျင် ကာကွယ်စောင့်ရှောက်ခြင်းဖြင့် မိမိတို့၏အမွေအနှစ်ကို တစ်တပ်တစ်အား ပါဝင်ကြရမည်ဖြစ်ပါ ကြောင်း။