နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝလွန်ရောဂါ ထိန်းချုပ်ရေး

ကလေးသုံးယောက်လျှင် တစ်ယောက်မှာအဝလွန်တတ်ပြီး ယင်းသို့  အဝလွန်မှုမြင့်တက်လာခြင်းကို  အသက် ၁၀ နှစ် အောက်တွင် ရပ်တန့်နိုင်ကြောင်း လေ့လာမှုတစ်ခုကဆိုထားသည်။

 ကလေးအများစုသည် မွေးစတွင်အဝလွန်ခြင်းမဖြစ်ဘဲ မူလတန်း ပြီးဆုံးချိန်တွင် အဝလွန်ခြင်းမှာ စိတ်ပျက်စရာကောင်းကြောင်း အသက်ငယ်ရွယ်သောအုပ်စုတွင် အဝလွန်မှုမဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်မှုများပြုလုပ်ရန် ကျွမ်းကျင်သူတို့က ထုတ်ပြန်ထားသည်။

 ကျန်းမာကြံ့ခိုင်သော ဘဝများကိုပိုင်ဆိုင်ရန် တတ်ကြွလှုပ်ရှား ပြီး ကယ်လိုရီလျှော့ချရေးကို ဦးတည်ဆောင်ရွက်သင့်သည်။ သုတေ သနပညာရှင်များက အများအားဖြင့် အသက် ၁၁ နှစ်မှ ၁၅ နှစ် အရွယ်ရှိသူများသည် အဝလွန်မှုမြင့်တက်လျက်ရှိသည်ဟုဆိုသည်။

 အဝလွန်ခြင်း သို့မဟုတ် မိမိရှိသင့်သည့်ထက်ပို၍  ကိုယ် အလေးချိန်မြင့်တက်လာခြင်းက နှလုံး၊ သွေးတိုး၊ ဆီးချို၊လေးဖက်နာ၊ လေဖြတ်ခြင်းစသည့်  နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်စေနိုင် သဖြင့် လမ်းလျှောက်ခြင်းဖြင့် အဝလွန်မှုကိုလျှော့ချသင့်သည်။

 ယနေ့အခြေအနေတွင် လူငယ်၊ လူရွယ်များမှာ ပညာရေးနှင့် အခြားအပိုချိန်များအတွက် ကုန်လွန်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေး ကို ဂရုမစိုက်နိုင်ကြသည်ကို တွေ့မြင်နေရသည်။ မြို့ပြလူမှုဘဝ ပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများပြားလာသည့်အခါ လမ်းများများ လျှောက်ပေးသင့်သည်။ ယင်းကဲ့သို့  လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုများ ပြေပျောက်သွားပြီး တက်ကြွရွှင်လန်းကာ ခွန်အားသစ် များတိုးပွားလာမည်ဖြစ်သည်။

ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အဝလွန် မှုကို လျှော့ကျစေနိုင်သည့် အဝလွန်ခြင်းကြောင့် ယနေ့အဖြစ်များ နေသော  ကျန်းမာရေးပြဿနာများကို  ထိန်းထားနိုင်သည်။ သို့ဖြစ်ရာ လောက၌ အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်း ကောင်းများကို အသိပညာရှာဖွေလိုက်နာဆောင်ရွက်သင့်ကြောင်း။   







အခြားဆက်စပ်သတင်းများ