နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၁၀/၃) အနီး Hijet ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲလမ်းဘေးသို့ ထိုးကျ

နွားထိုးကြီး    ဇွန်   ၂၈  


မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၁၀/၃)အနီးတွင် ဇွန် ၂၈ ရက်၊ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်က Hijet (ခဲရောင်)ယာဉ်သည် ယာဉ်၏ဝဲဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲလမ်း၏ယာဘက် မြေသားလမ်းပေါ်သို့ ထိုးကျရပ်တန့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်ပွားရာနေရာသို့ ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြင်စည်အမြန် လမ်းမကြီးရဲတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ကျား ၂ ဦး၊ မ၃ဦး၊ စုစုပေါင်း ၅ ဦးအနက် မ ၂ ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။                                                   


 (သူရိန်)






အခြားဆက်စပ်သတင်းများ