နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ကာလကို ဇူလိုင်လ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်

ရန်ကုန်     ဇွန်   ၂၈


ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်တားမြစ်ချက်များ ထုတ်ပြန်သတ်မှတ်ထားသောကာလကို လာမည့်ဇူလိုင်လ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဇွန် ၂၇ ရက်က COVID-19 ကာကွယ်၊ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်သော အသိပေး ကြေညာချက်အရ သိရသည်။

အဆိုပါ အသိပေးကြေညာချက်တွင် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ပြည်သူများသို့ ပန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များမပါ) စသည်တို့ကို လာမည့် ဇူလိုင်လ ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဖော်ပြ ပါရှိသည်။


လက်ရှိတွင် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်တင် ဆက်လက် ဆောင်ရွက်လျက်ရှိသလို COVID-19 ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကိုလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် စက်ရုံ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များကိုလည်း သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများ ပူးပေါင်းပြီး လိုက်လံစစ်ဆေးကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော စည်းကမ်း ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။                           


ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ