နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာရေးဆရာ နွမ်ဂျာသိုင်း ကွယ်လွန်

ရန်ကုန်     ဇွန်   ၂၈


တက္ကသိုလ်နောက်ခံ အချစ်ဝတ္ထုများနှင့်နာမည်ကျော်ကြားခဲ့သော စာရေးဆရာ နွမ်ဂျာသိုင်း(ဦးဝင်းမြင့်မောင်)သည် ဇွန် ၂၇ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရှိ ပင်လုံဆေးရုံတွင်ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

စာရေးဆရာ နွမ်ဂျာသိုင်းသည် နှလုံးသွေးကြောကျဉ်းခြင်းနှင့်ဆီးချို၊ သွေးချိုရောဂါများ အခံရှိသည့်အပြင် ယခုနှစ်များတွင် ကျန်းမာရေးမကောင်းခြင်းကြောင့် အိမ်ထဲတွင်သာအနေများပြီး အပြင်ထွက်သွားလာမှု နည်းပါး ခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတွင် မိသားစုနှင့်အတူနေထိုင်ခဲ့ကြောင်း သိရသည်။


ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်၊ နွေဦးရောက်ပြီ သူငယ်ချင်း၊ အလယ်ကလူစကားဝဲ၏၊ လွမ်းလေကညှင်းအစရှိသော ဝတ္ထုများသည် ဆရာနွမ်ဂျာသိုင်း၏ အောင်မြင်ကျော်ကြားသော ဝတ္ထုများဖြစ်ပြီး သူရေးသားခဲ့သည့်ဝတ္ထုအချို့ကို ရုပ်ရှင်ဇာတ်ကားအသွင်ဖြင့် ပြန်လည်ဖန်တီးရိုက်ကူးရာတွင်လည်း အောင်မြင်မှု များ ရရှိခဲ့ကြကြောင်း သိရသည်။

ဆရာနွမ်ဂျာသိုင်းသည် ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး သူ၏ရုပ်ခန္ဓာကို ရေဝေးသုသာန် အအေးခန်းဆီသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဈာပနအခမ်းအနားကို ဇွန်  ၂၉ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ရေဝေးသုသာန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ