နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်လ်အေအက်ဖ်စီအသင်း ကစားသမား နည်းပြအဖြစ် ချီလီနီကို ခန့်အပ်

ဇန်နဝါရီ ၁၇


၂၀၂၃ ၊ ဒီဇင်ဘာလကကစားသမားဘဝမှ အနားယူခဲ့ သည့် ခံစစ်ကစားသမား ချီလီနီ ကို အယ်လ်အေအက်ဖ်စီအသင်း က ကစားသမား ဖွံ့ဖြိုးတိုးတက် ရေး နည်းပြအဖြစ် ခန့်အပ်ခဲ့ ကြောင်း သိရသည်။

အသက် ၃၉ နှစ်အရွယ်ရှိ ခံစစ်ကစားသမား ချီလီနီသည် အယ်လ်အေအက်ဖ်စီအသင်း တွင် ၂၀၂၂ ခုနှစ်၊ ဇလိုင်လက ပြောင်းရွှေ့ကစားခဲ့ပြီး အသင်း နှင့်အတူ ပြိုင်ပွဲစုံ ၄၅ ပွဲ ပါဝင် ကစားခဲ့ကာ အသင်းအားမေဂျာ လိဂ်ဖလား ဗိုလ်လုပွဲသို့ရောက် ရှိအောင် ပါဝင်ကူညီနိုင်ခဲ့သော် လည်း ဒုတိယနေရာဖြင့်သာ ရပ် တည်နိုင်ခဲ့ပြီးနောက် ကစား သမားဘဝမှ အနားယူရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အသင်းတာဝန်ရှိ သူများက တစ်လခန့်အကြာ တွင် ခံစစ်ကစားသမား ချီလီနီ ကို အသင်းနည်းပြအဖွဲ့တွင် ပြန် လည်ခန့်အပ်ခဲ့ပြီး ကစားသမား များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ချီလီနီသည် အသက်အရွယ် အရ အကျပိုင်းရောက်လာသဖြင့် မေဂျာလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြ ရန် ရုန်းကန်ခဲ့ရသော်လည်း ကစားသမား ဘဝတစ်လျှောက် တွင် ၂၀၀၄ ခုနှစ် မှ ၂၀၂၂ ခုနှစ် အတွင်း ဂျူဗင်တပ်အသင်းတွင် ကစားခဲ့ရာ စီးရီးအေချန်ပီယံ ဆုဖလားကိုးကြိမ်အထိ ရယူနိုင် ခဲ့ပြီး နိုင်ငံအသင်းအတွက် ပြိုင် ပွဲစုံ ၁၇၇ ပွဲပါဝင်ကစားခဲ့ရာ  အသင်းနှင့်အတူ ဥပရာပချန်ပီ ယံ ဆုဖလားကိုးကြိမ်အထိ ရယူ နိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံ ၁၁၇ ပွဲပါဝင်ကစားခဲ့ရာ အသင်းနှင့်အတူ ဥရောပချန်ပီယံ ဆုဖလား ဆွတ်ခူးနိုင်ခဲ့သဖြင့် အတွေ့အကြုံကောင်းများပိုင် ဆိုင်ထားသည့် ချီလီနီကို အယ်လ်အေအက်ဖ်စီအသင်းက နည်းပြအဖွဲ့ဝင်အဖြစ် ပြန်လည် ခန့်အပ်ခဲ့ကြောင်း သိရသည်။






သူရိန်






အခြားဆက်စပ်သတင်းများ