မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါများပိုင်ဆိုင်ပြီးစိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်သည့် ရေမြေအရင်းအဖြစ်တို့ အတန့် အသင့်ပြည့်စုံသည်။ နိုင်ငံသူ၊ နိုင်ငံသားတို့ အမှန်တကယ်ကြိုးပမ်း အားထုတ်အလုပ်လုပ်ကြလျှင် မတောင့်မတ၊ မကြောင့်မကျ နေနိုင် သည်။
နိုင်ငံတော်သည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီး နှစ်နိုင်ငံ အကြားတွင် တည်ရှိနေခြင်းသည်၊။ နိုင်ငံ၏ပထဝီအနေအထားအရ အားသာချက်ရှိသကဲ့သို့ အားနည်းချက်လည်းရှိသည်။ ယင်းမှာ သဘာဝဘေးအန္တရာယ်ခံစားနိုင်ခြေမြင့်မားသည်။
မိမိတို့နိုင်ငံသည် စီးပွားရေးပတ်ဝန်းကျင်ကောင်းကို ထူထောင် ပြီး လူ့စွမ်းအားအရင်းအမြစ်ကောင်းမွန်စွာဖြင့် အားထုတ်ဆောင် ရွက်ပါက ဒေသတွင်းကို ထိုးဖောက်ဝင်ရောက်နိုင်သည်။ ယင်းသို့ ဖြစ်ပေါ်စေရန် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးအတွက် တည် ဆောက်ရန်မှာ လက်ရှိအခြေအနေတွင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတွင်ရှိနေသော ဓန ငွေကြေး၊ ရုပ်ဝတ္ထုများနှင့်လူ့စွမ်းအားဟူသော အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရေးသည် အရေးပါသောအကြောင်းတရားဖြစ် သည်။
လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဦးဆောင်၍ ပြည်တွင်းကုန်ထုတ်လုပ်မှု ကဏ္ဍမြင့်မားလာစေရန် အားပေးဆောင်ရွက်လျက်ရှိပြီး ပြည်ပ နိုင်ငံကြီးအချိုနှင့်အပေါင်းပါနိုင်ငံအချို့၏ ဖိအားပေးမှု၊ တားဆီး ပိတ်ဆို့မှု၊ နှောင့်ယှက်ဟန့်တားမှုများ၊ ပြည်တွင်းမှ မသမာသူများ၏ လှုပ်ရှားဆောင်ရွက်မှုများကြားမှ နိုင်ငံ၏စီးပွားရေးမှာ အခက်အခဲ ကြားမှ တိုးတက်ဖြစ်ပေါ်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ် တွင် တစ်ခုအပါအဝင်ဖြစ်သည့် "တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဏိုင်ပြု၍ MSME စက်မှုလုပ်ငန်းများ ကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး" ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို နိုင်ငံအနှံ့ဆောင်ရွက်လျက် ရှိသည်။
နိုင်ငံတစ်ဝန်းဆောင်းသီးနှံစိုက်ပျိုးမှုအဖြစ် ပဲမျိုးစုံ၊ ဆီထွက် သီးနှံများ၊ နှံစားသီးနှံ၊ စားဖိုဆောင်သီးနှံများကို ဒေသခံပြည်သူများ က ကြိုးပမ်းစိုက်ပျိုးလျက်ရှိသည်။ စပါးများကိုလည်း ရာနှုန်းပြည့် ရိတ်သိမ်းပြီး နွေစပါးများကိုလည်း စိုက်ပျိုးလျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေးနယ်ပယ်တွင် နိုင်ငံသူ၊ နိုင်ငံသားတို့ အမှန်တကယ်ကြိုးပမ်းအားထုတ်အလုပ်လုပ်ခြင်းဖြင့် တိုးတက် အောင်မြင်စေချင်ကြောင်း။ ။