နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစွမ်းထက်ဆေးဝါးများ ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်ရေးစက်ရုံကို တစ်ခေတ် တစ်ခါက Burma Pharmaceutical Industry (BPI) ဟူ၍ ကျော်ကြားထင်ရှားသကဲ့သို့ ၎င်းအမှတ်တံဆိပ်ကိုသာ ပြည်သူ လူထုက ခေတ်အဆက်ဆက်သုံးစွဲခဲ့ကြသည်။

ဘီပီအိုင်ဟုဆိုလျှင် မြန်မာနိုင်ငံထုတ် အာနိသင်ထက်မြက် သော ဆေးဝါးများ၏ အမှတ်တံဆိပ်ဖြစ်သည်ဟူ၍ မြန်မာနိုင်ငံ သားတိုင်း သိသည်။ အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသည့် အလားတူဆေးဝါးများနှင့် ယှဉ်လျှင် ဘီပီအိုင်ထုတ်လုပ်သည့် ဆေးများက အာနိသင်ပိုမိုကောင်းမွန်သလို ဈေးနှုန်းများလည်း ပိုမိုမြင့်တက်နေသည်ကို ဈေးကွက်များတွင် လွှမ်းမိုးထားသည်။

ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများသည် အခြားကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများနှင့်မတူဘဲ အဆောက်အအုံနှင့် စက်ပစ္စည်းများအတွက် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီ ရသကဲ့သို့ ဆေးဝါးထုတ်လုပ်ရာတွင်လည်း ကောင်းမွန်သော ထုတ်လုပ်မှုနည်းစဉ် (GMP Guideline) အတိုင်တိကျစွာ ထုတ် လုပ်ကြရသည်။

ဆေးဝါးတစ်မျိုးချင်းစီအတွက်ဆိုလျှင်လည်း ဆေး၏ဖော်မြူ လာနှင့် စံချိန်စံညွှန်းကိုက်ညီသော ထုတ်လုပ်မှုနည်းစဉ်များကို တိကျစွာလိုက်နာဆောင်ရွက်ကြခြင်းဖြစ်ရာ နည်းပညာမြင့်မား ခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှုမှာလည်း ကြီးမားသည်။ မိမိတို့ နိုင်ငံတွင် ပြည်တွင်းဆေးဝါးလိုအပ်ချက်ကို ဖြည့်နိုင်ရန် ပဏာမ ကြီးမားစွာလိုအပ်နေရာ နှစ်စဉ်ပြည်ပမှ နိုင်ငံခြားငွေအကုန် အကျခံ တင်သွင်းနေရသည်။

စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီ သန်းသည် ဇန်နဝါရီ ၆ ရက်က အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)သို့ရောက်ရှိပြီး ဆေးပြားနှင့် ဆေးတောင့်ထုတ်လုပ် ရေးအလုပ်ရုံ၌ ဆေးပြားနှင့် ဆေးတောင့်များထုတ်လုပ်နေ သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးဝါးစက်ရုံ(အင်းစိန်)အနေဖြင့် အများပြည်သူလိုအပ်သော ဆေးဝါးများကို ထုတ်လုပ်ဖြည့်ဆည်းနေသည့် စက်ရုံဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှု လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမြဲ မပြတ်ဆောင်ရွက်ရန်နှင့် လိုအပ်သော စက်အရန်ပစ္စည်းများကို ကြိုတင်ဖြည့်ဆည်းထားရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိ ရေးကိစ္စရပ်များကို ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

ပြည်တွင်းဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် အင်းစိန်(ကြို့ကုန်း)တွင် စတင်ခဲ့သော ဘီပီအိုင်ဆေးဝါးထုတ် လုပ်ရေးစက်ရုံများသည် ရွာသာကြီးစက်ရုံခွဲ၊ ကျောက်ဆည် (အင်ရောင်း) ပြင်ဦးလွင်စက်ရုံများ တိုးတက်ဖြစ်ထွန်းကာ တပ်မတော်၏ မှော်ဘီဆေးဝါးစက်ရုံ၊ ပြည်တွင်းပုဂ္ဂလိကစက်ရုံ များမှ ထုတ်လုပ်သမျှဆေးဝါးများသည် ပြည်တွင်းလိုအပ်ချက် ရာခိုင်နှုန်း ၂၀ သာဖြည့်ဆည်းပေးနိုင်သည်။ ဆေးနှင့်ဆေးပစ္စည်း များလိုအပ်ချက်ကို တစ်နှစ်ထက်တစ်နှစ်ပိုမိုဖြည့်ဆည်းပေးနိုင်ရေး တိုးချဲ့ ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း။      ။







အခြားဆက်စပ်သတင်းများ