နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည့်အင်အားဖြင့် ရင်ဆိုင်ကျော်လွှား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ် တွင် နိုင်ငံရေးနှင့် စပ်လျဉ်း၍ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေးဟူ၍ ဦးတည် ချက်လည်းပါဝင်သည်။

ယနေ့အခြေအနေတွင် ကမ္ဘာပေါ်၌ ကပ်ရောဂါကျရောက်မှု အင်အားကြီးနိုင်ငံများအကြား  ပွတ်တိုက်မှုနှင့် စစ်မက်ပြိုင်မှုများ၊ ယင်းတို့၏ အကျိုးဆက်ကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ စား နပ်ရိက္ခာနှင့် လောင်စာဆီရှားပါးမှု၊ ငွေကြေးဖောင်းပွမှုစသည့် ရိုက်ခတ်မှုများကို နိုင်ငံအသီးသီးတွင် ခံစားနေရချိန်ဖြစ်သည်။ ယင်းကြောင့် အင်အားနည်းသည့် နိုင်ငံငယ်များအတွက် ကြီးမား သည့် အခက်အခဲအကျပ်အတည်းများကို ဖြစ်ပေါ်စေသည်။

တစ်ချိန်တည်းမှာပင် အင်အားကြီးနိုင်ငံအချို့က နိုင်ငံငယ် များ၏ ပြည်တွင်းရေးများတွင် လိုတစ်မျိုး၊ မလိုတစ်မျိုး၊ ခေါင်းစဉ်အမျိုးအမျိုးတပ်ကာ ဝင်ရောက်စွက်ဖက်မှုများကို ရင် ဆိုင်လာကြရသည်။ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ဩဇာအာဏာ ထူထောင်ရန်ပင်ဖြစ်သည်။

မျက်မှောက်ကမ္ဘာတွင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ရာ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးသည် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်သည်။ ယနေ့ အခြေအနေတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်အကြမ်းဖက်သူတို့  နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးမှုများတွင် လမ်းတံတားများ၊ ဆက်သွယ် ရေးနှင့် လျှပ်စစ်ဓာတ်အားတို့ ပါဝင်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများအတွက် မရှိမဖြစ်သော အခြေခံ အဆောက်အအုံများဖြစ်သည်။

ယနေ့အခြေအနေတွင် "လက်နက်ကိုင်သောင်းကျန်းမှု၊ လက်နက်ကိုင်နယ်မြေလုမှုတွေကနေ လက်နက်ကိုင်ပြီး ဘာသာ ရေးကိုပါစော်ကားတဲ့ တစ်မျိုးသားလုံးအမြတ်တနိုးထားတဲ့ ဘာသာ ရေးကိုပါ စော်ကားတဲ့အပြုအမူများနှင့် သွေးတိုးစမ်းလာတာတွေ သည်မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက်၊ မြန်မာပြည်သူ တစ်ရပ်လုံးကိုစော်ကားခြင်း၊ မြန်မာပြည်သူတစ်ရပ်လုံးအတွက် များစွာ စိတ်ထိခိုက်မှုဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့အနေနှင့် ပြန်လည်ပြီး တွန်းလှန်သွားရမယ်။ ပြန်လည်ပြီး သွေးစည်းသွားရ မယ်။ ပြန်လည်ပြီး ညီညွတ်သွားရမယ်"ဟု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။

ယင်းအပြင် ပြည်သူလူထုအနေဖြင့် ပြည်သူ့လုံခြုံရေးစနစ်၊ ကာကွယ်ရေးစနစ်တွေမှာ မိမိတို့တတ်စွမ်းသမျှ ပါဝင်ခြင်းဖြင့်   နိုင်ငံ တော်၊ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ ကျွန်တော်တို့ တန်ဖိုးထားရတဲ့ ဘာသာတရားကို ကာကွယ်ထိန်းသိမ်းစောင့် ရှောက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

သို့ဖြစ်ရာ ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ဆောင်ရွက် ခြင်းဖြင့် မည်သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ရသည်ဖြစ်စေ ပြည့်အင်အားဖြင့် ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ပါကြောင်း။  ။







အခြားဆက်စပ်သတင်းများ