နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခံစစ်ကစားသမား ဖေဘီယန်ရှောကို နယူးကာဆယ်အသင်း စာချုပ်သစ်ချုပ်ဆို

ဇန်နဝါရီ  ၁၀


နယူးကာဆယ်အသင်းသည် ခံစစ်ပိုင်းတွင် ခြေစွမ်းပြသနေ သည့် ဖေဘီယန်ရှောကို လာမည့် ၂၀၂၅ ခုနှစ်ထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရ သည်။

ဖေဘီယန်ရှောသည် နယူး ကာဆယ်အသင်းနှင့် လာမည့် ဇွန်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း ယခု နှစ်ဘောလုံးရာသီတွင် ပုံစံကောင်း ရရှိနေပြီး အသင်းကို ရလဒ် ကောင်းများရရှိအောင် ကူညီ  ပေးနိုင်ခဲ့သဖြင့် နယူးကာဆယ် အသင်း တာဝန်ရှိသူများက အလွတ်ပြောင်းရွှေ့ခွင့် မပြုဘဲ တစ်နှစ်သက်တမ်းတိုးခဲ့ခြင်းဖြစ် သည်။

အသက် ၃၂ နှစ်အရွယ်ရှိ ဖေဘီယန်ရှောသည် ၂၀၁၈ ခုနှစ် က ကောရူနာအသင်းမှ နယူး ကာဆယ်အသင်းသို့ ပြောင်းရွှေ့ ခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၆၉ ပွဲထိ ကစားပြီး အသင်း ခံစစ်ပိုင်းကို အကောင်းဆုံးထိန်း ချုပ်နိုင်သည့် ကစားသမားတစ်ဦး ဖြစ်ကာ ယခုနှစ် ဘောလုံးရာသီ တွင်လည်း ဘော့မန်း ဒဏ်ရာ ရရှိနေချိန်တွင် နယူးကာဆယ် အသင်းခံစစ်ကြောင်းကို ဦးဆောင် နိုင်ခဲ့သူဖြစ်သောကြောင့် အသင်း တာဝန်ရှိသူများက ဆက်လက် လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။





သူရိန်






အခြားဆက်စပ်သတင်းများ