နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူကစားသမား ဟန်နီဘယ်ကို ခေါ်ယူရန် ဆီဗီလာအသင်း သဘောတူညီမှုရရှိ

ဇန်နဝါရီ  ၁၀


ဆီဗီလာအသင်းသည် မန်ယူ အသင်း လူငယ်ကစားသမား ဟန်နီဘယ်ကို ရာသီဝက်အငှား စာချုပ်ဖြင့် ခေါ်ယူရန် သဘော တူညီမှုရရှိခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးပါက အပြီးသတ်ခေါ်ယူ ခွင့်ပါရှိကြောင်း သိရသည်။

အသက် ၂၀ နှစ်အရွယ်ရှိ လူငယ်ကစားသမား ဟန်နီဘယ် သည် ၂၀၁၉ ခုနှစ်က မန်ယူ အသင်း လူငယ်အကယ်ဒမီနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဝုဗ်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ် ၌ စီနီယာအသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရရှိ ခဲ့သူဖြစ်ပြီး ယခုနှစ် ဘောလုံး ရာသီတွင် အသင်းအတွက် ပြိုင်ပွဲ စုံ ၁၀ ပွဲထိ ပါဝင်ခွင့်ရရှိခဲ့သည်။

လက်ရှိတွင် ဆီဗီလာ အသင်းနှင့် သဘောတူညီမှုရရှိ ထားသည့် ဟန်နီဘယ်ကို ပရီး မီးယားလိဂ်ပြိုင်ဘက် အဲဗာတန် အသင်းကလည်း အပြိုင်ခေါ်ယူ ရန် ကြိုးပမ်းနေသည့်အပြင် လိုင်ယွန်အသင်းနှင့် ဖရိုင်းဘတ် အသင်းတို့ကလည်း ကြားဖြတ် ခေါ်ယူရန် ချိတ်ဆက်မှုများပြုလုပ် လျက်ရှိသည်။

ထို့ပြင် ဆီဗီလာအသင်းသည် ချဲလ်ဆီးအသင်း လူငယ်တိုက် စစ်မှူး ဒက်ဒရိုဖိုဖန်နာကိုလည်း အငှားစာချုပ်ဖြင့် ခေါ်ယူရန် ဆွေးနွေးနေကြောင်း သိရသည်။






သူရိန်







အခြားဆက်စပ်သတင်းများ