နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆာပေါ်လိုနည်းပြ ဒိုရစ်ဗယ်ကို ဘရာဇီးလက်ရွေးစင် နည်းပြအဖြစ် ခန့်အပ်

ဇန်နဝါရီ  ၉


ဘရာဇီး ဘောလုံးအဖွဲ့ချုပ် က ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက် က ရာထူးမှ ထုတ်ပယ်ခဲ့သည့် နည်းပြ ဒင်းနစ်ဇ် နေရာတွင် ဆာပေါ်လိုအသင်း နည်းပြ ဒိုရစ် ဗယ်နှင့် အစားထိုးခန့်အပ်ခဲ့ ကြောင်း သိရသည်။ဘရာဇီးလက်ရွေးစင်အသင်း သည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ် ပွဲစဉ်တွင် ခြောက်ပွဲ ကစားခဲ့ရာ နှစ်ပွဲသာအနိုင်ရခဲ့ပြီး ပုံစံကောင်း ပျောက်ဆုံးခဲ့သောကြောင့် နည်းပြ ဒင်းနစ်ဇ်ကို ရာထူးမှ ထုတ်ပယ် ခဲ့ပြီး ယခုအခါ ဆာပေါ်လိုအသင်း နည်းပြ ဒိုရစ်ဗယ်ကို လက်ရွေးစင် နည်းပြအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

ဘရာဇီးအသင်းသည် ကမ္ဘာ့ ဖလား ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရမည့် အခြေအနေများ ကြောင့် နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။နည်းပြ ဒိုရစ်ဗယ်သည် ဆာပေါ်လိုအသင်းကို ၂၀၂၃ ခုနှစ်မှ စတင်တာဝန်ယူခဲ့သော် လည်း အသင်းအား ပထမဆုံး ဘရာဇီး ပြည်တွင်းဖလားရရှိ အောင် စွမ်းဆောင်နိုင်ခဲ့သည့် အပြင် ၂၀၂၂ ခုနှစ်ကလည်း ဖလူ မီနန်စီအသင်းနှင့်အတူ ကိုပါလီ ဘာတာဒိုရက်စ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သောကြောင့် ဘရာဇီး အသင်းကို ကမ္ဘာ့ဖလား ခြေစစ် ပွဲ အမှတ်ပေးဇယားတွင် ရလဒ် ကောင်းများ ပြန်လည်ရယူနိုင် မည်ဟု အသင်းတာဝန်ရှိသူများ က ယုံကြည်နေပြီး ၎င်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။                     



 သူရိန်







အခြားဆက်စပ်သတင်းများ