နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီဇင်ဘာလ မန်ယူအသင်းတစ်လတာအကောင်းဆုံး ကစားသမားဆု တောင်ပံကစားသမား ဂါနာချိုဆွတ်ခူး

ဇန်နဝါရီ  ၉


ဒီဇင်ဘာလအတွက် မန်ယူ အသင်း တစ်လတာအကောင်း ဆုံး ကစားသမားဆုကို လူငယ် တောင်ပံကစားသမား ဂါနာချို က ဆွတ်ခူးခဲ့သည်။အသက် ၁၉ နှစ်အရွယ်ရှိ ဂါနာချိုသည် ယခုနှစ် ဘောလုံး ရာသီ၌ နည်းပြ တန်ဟက် လက်အောက်တွင် အဓိက ကစား သမားအဖြစ် ပွဲထွက်ခွင့်ရရှိနေသူ ဖြစ်ပြီး အသင်းနှင့်အတူ ဒီဇင်ဘာ လအတွင်း ကစားခဲ့သည့် ပွဲစဉ် ရှစ်ပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ ကာ နှစ်ကြိမ်ဂိုးဖန်တီးမှု ပြုလုပ် ထားပြီး အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သည့်အတွက် အသင်း ၏ တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင် ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်း၏ ဒီဇင်ဘာ လအတွက် တစ်လတာအကောင်း ဆုံး ကစားသမားဆု ဆန်ခါတင် ကစားသမားစာရင်းတွင် ဂါနာ ချိုသည် ဝါရင့်ခံစစ်ကစားသမား ဂျွန်နီအီဗန်နှင့် လူငယ်ကွင်းလယ် ကစားသမား ကိုဘီမိုင်နူးတို့ နှင့်အတူ ပါဝင်လာခဲ့ပြီးနောက် ပရိသတ်များထံမှ ဆန္ဒမဲပေးမှု အရ ၆၄ ရာခိုင်နှုန်းအထိရရှိခဲ့ ပြီးနောက် တစ်လတာအကောင်း ဆုံး ကစားသမားဆုကို ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်သည်။ဂါနာချိုသည် မန်ယူအသင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို နှစ်လဆက် ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။



သူရိန်






အခြားဆက်စပ်သတင်းများ