နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ မြင့်တက်လာ၍ ကန့်သတ်မှုများ ပြန်လည်လုပ်ဆောင်

ဇွန် ၂၈  ဝါရှင်တန်


ဖလော်ရီဒါနှင့် တက္ကဆက်ပြည်နယ်များတွင် ရောဂါကူးစက်ခံရသူ စံချိန်တင်တွေ့ရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ဒသမ၅ သန်းကျော်ရှိလာခဲ့ရာ ကန့်သတ်မှုများ ပြန်လည်လုပ်ဆောင်နေရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်ခွင့် ပေးခဲ့ပြီးနောက် တောင်ပိုင်းပြည်နယ်များတွင် ရောဂါကူးစက်မှုများ မြင့်တက်လာခဲ့သည်။ 


ပြီးခဲ့သည့်စနေနေ့က ဖလော်ရီဒါပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၉၅၀၀ ကျော်ရှိခဲ့ရာ ယခင်စံချိန်ဟောင်း(တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၉၀၀၀ တွေ့ရှိမှု)ထက် ကျော်လွန်ခဲ့သည်။ ပြီးခဲ့သည့်သောကြာနေ့က တက္ကဆက်ပြည်နယ်တွင်လည်း ရောဂါကူးစက်ခံရသူ မြင့်တက်လာခဲ့ရာ ပြည်နယ်အရာရှိများက စီးပွားရေးလုပ်ငန်းများကို တစ်ကျော့ပြန် တင်းကျပ်ခဲ့သည်။ 


အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပြဿနာ ဆိုးဆိုးရွားရွား ကြုံတွေ့နေသည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အမေရိကန်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာအန်သိုနီဖော်စီက ပြောသည်။ အမေရိကန်နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂၅၀၀၀ ကျော် ရှိနေသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာခြင်းမှာ ဒေသများက အချိန်စော၍ ပြန်လည်ဖွင့်လှစ်ခြင်း၊ လူများက လမ်းညွှန်ချက်များကို မလိုက်နာခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု အန်သိုနီဖော်စီက ပြောသည်။ အမေရိကန်နိုင်ငံ အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ အခြားပြည်နယ်များတွင်လည်း ရောဂါကူးစက်ခံရသူများ မြင့်တက်လာခဲ့သည်။                                                                           

 (KNT)






အခြားဆက်စပ်သတင်းများ