နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားလုပ်ငန်းများမြှင့်တင်

ခရီးသွားခြင်းသည် ကိုယ်ရောစိတ်ပါ အပန်းပြေမှု၊ ကျေနပ် ပျော်ရွှင်မှု၊ ကြည်နူးဖွယ်ခံစားမှုတို့နှင့် အတွေ့အကြုံသစ်များကို ရရှိလိုသည့်အတွက် ဒေသတစ်ခုခုဆီသို့ သွားရောက်ကြခြင်းဖြစ် သည်။

ခရီးသည်များ၏ လိုအပ်ချက်အတွက် သယ်ယူပို့ဆောင်ရေး၊ စားသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ ဧည့်ခံပျော်ဖြေရေးတို့ကို အကောင်းဆုံးစီမံဆောင်ရွက်ခြင်းဖြင့် ဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်သကဲ့သို့ ဒေသစီးပွားရေးကိုလည်း အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။ ခရီးသည်များ ပိုမိုလာရောက်ကြစေရန် ဆွဲဆောင်‌ရေး၊ ခရီးသွားလုပ်ငန်းများ အတွက် လိုအပ်ချက်များပြင်ဆင်ဖြည့်ဆည်းရေးကို ဆောင်ရွက် ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ အသီးသီးတို့ တွင် ခရီးသွားဒေသများဆွဲဆောင်ရာနေရာများ ကိုယ်စီပိုင်ဆိုင် ထားသည်။ ဒေသအလိုက် ကွဲပြားခြားနားမှုများရှိနေသည်။ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက် တော်ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည်။

မန်းရွှေစက်တော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကြိးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ ယခုနှစ်သည် မြန်မာဝါထပ်ရက်ဖြစ်သောကြောင့် ပွဲတော်ရက် ၆၄ ရက်သာ ကျင်းပမည်ဖြစ်သည်။ ပွဲတော်ရက်တွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများလာရောက်မှု လွန်စွာများပြားသည်။

၂၀၂၄ ခုနှစ် ခရီးသွားရာသီ၌ မြန်မာပြည်မြောက်ပိုင်းရေခဲ တောင်ဒေသ၊ တောင်ပေါ်ဒေသ၊ မြန်မာပြည်အလယ်ပိုင်းပုဂံ ဒေသ၌ ခရီးသွားဒေသများ၊ ရန်ကုန်မြို့ရှေးဟောင်းမြို့ပြ အဆောက်အအုံများနှင့် ကော့သောင်းခရိုင်မြိတ်ကျွန်းစုနှင့် ချောင်းသာ၊ ငွေဆောင်တို့တွင် ပြည်တွင်းပြည်ပခရီးသွားများ အပန်းဖြေလည်ပတ်ကြလျက်ရှိသည်။

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းသည် အလျင်မြန်ဆုံးပြန်လည် နိုးထလာနိုင်သည့် စီးပွားရေးလုပ်ငန်း ပြည်ပဝင်ငွေကို မြန်မြန် ဆန်ဆန်နှင့် များများစားစားရှာဖွေပေးနိုင်သည့် စီးပွားရေး လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ခရီးသွားလုပ်ငန်းများတိုးတက် မြင့်မားလာရေးအတွက် ခရီးစဉ်အသစ်များဖော်ထုတ်ရေး ကြိုး ပမ်းဆောင်ရွက်စေချင်ကြောင်း။  ။







အခြားဆက်စပ်သတင်းများ